close

ပုဏ္ဏားကျွန်းမြို့

close

October 27, 2022

ပုဏ္ဏားကျွန်းတွင် လယ်သမားများ လယ်ထဲမသွားရန် စစ်ကောင်စီတပ်က ခြိမ်းခြောက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့က လယ်သမားတွေကို စစ်ကောင်စီတပ်က လယ်မြေထဲတွေကို  မသွားကြဖို့ ခြိမ်းခြောက်တာကြောင့် လယ်သမားတွေ အခက်အခဲ ဖြစ်နေကြရတယ်လို့ ဒေသခံလယ်သမားတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့ ခမရ ၅၅၀ တပ်ရင်းနားမှာရှိတဲ့ လယ်မြေတွေကို မဆင်းကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့ကြတယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီလယ်ကွင်းတွေက ကျနော်တို့ ဘိုးဘွားအစဥ်အဆက် လုပ်ကိုင်စားသောက်လာကြတာပါ။ ထွန်စက်ငှားရမ်းခ၊ လုပ်သားငှားရမ်းခ၊ ဓာတ်မြေသြဇာဖိုးတွေ၊ မျိုးစပါးဖိုးတွေ အများအပြား ရင်းနှီးမြှုပ်နှံထားကြတာဖြစ်လို့ လယ်ကွင်းထဲက စပါးတွေကိုသာ စောင့်ရှောက်ရိတ်သိမ်းခွင့် မရရင် ဆုံးရှုံးနစ်နာမှုတွေ များပြားနိုင်တယ်။ အခုရာသီက ကောက်လျင်စပါးမျိုးတွေက ရိတ်သိမ်းတဲ့ကာလဖြစ်သလို ကောက်ကြီးစပါးမျိုးတွေ ဖူးပွင့်တဲ့အချိန်ကာလဖြစ်လို့ စပါးပင်တွေကို ဂရုစိုက်ဖို့လိုအပ်တာကြောင့် လယ်ထဲကိုဆင်းတဲ့အချိန်မှာ စစ်(...)တွေက ဘာကြောင့် ခြိမ်းခြောက်တာလည်းတော့မသိဘူး။ သူတို့ပဲ ကျနော်တို့ချွေးနှဲစာနဲ့ စိုက်ပျိုးထားတဲ့ စပါးတွေကို အဓမ္မခိုးရိတ်ချင်လို့ တားတဲ့သဘောလားတော့ မပြောတတ်ဘူး။”

ရာသီဥတုဒဏ်နဲ့ စစ်ရေးအခြေအနေတွေကြားကနေ ခက်ခက်ခဲခဲ စိုက်ပျိုးထားကြရတဲ့ စပါးခင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တားမြစ်တာဟာ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်သလို လူအခွင့်ရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြတာလို့ ဆိုပါတယ်။

မင်းပြားမြို့နယ် ဖလောင်းပြင်ရွာဘက်မှာလည်း အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ကြပ်ဆင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အဓမ္မရိတ်သိမ်းသွားကြတယ်လို့ သိရပါတယ်။

13 mins Ago

June 18, 2020

ပုဏ္ဏားကျွန်းမြို့ရှိ စစ်ဘေးရှောင် ၃၇၀ ကျော် စားဝတ်နေရေး အခက်ကြုံနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ စက်မှုန်ဇုန်ကွင်းရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးဒုက္ခသည်   ၃၇၄ ဦး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေပါတယ်။ အဆိုပါ စစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနဲ့ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွေကနေ လာရောက် ခိုလှုံနေသူတွေ ဖြစ်ကြပါတယ်။ စခန်းတာဝန်ခံ မောင်အေးရွှေက “အရင်တုန်းကဆိုရင် ကယ်ဆယ်ရေး အဖွဲ့စည်းတွေ လာလှူတာရှိတယ်။ အခုတော့ မလာတော့ဘူး။  အရင်ကပေးထားတဲ့ လက်ကျန် ဆန်တခုပဲ ကျန်တော့တယ်။ စားရိက္ခာတွေ မဖူလုံတော့ဘူး။ အခုဆို မိုးရာသီဆိုတော့ ထင်းအရေးကြီးဆုံး။ တောထဲကိုလည်း မဝင်ရဘူးဆိုတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့်  စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ Photo - Ingar Aung (khami) / MPA
2 years Ago
Up