close

ပုပ်ရဟန်းမင်းကြီး

close

March 31, 2023

ဆေးရုံတက်နေရသည့် ပုပ်ရဟန်းမင်းကြီး ကျန်းမာရေးအခြေအနေ တိုးတက်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်မှုကြောင့် ဆေးရုံတက်နေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာနေပြီး ကုသမှုတွေ ဆက်လုပ်နေချိန်မှာပဲ အလုပ်ပြန်လုပ်နိုင်နေပြီလို့ မတ်လ ၃၀ ရက်မှာ ဗာတီကန်နိုင်ငံက ပြောပါတယ်။

အသေးအဖွဲ ဖျားနာမှုအများအပြား ခံစားနေရတဲ့ အသက် ၈၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးက အသက်ရှူရခက်နေကြောင်း ညည်းတွားခဲ့ပြီးနောက် မတ်လ ၂၉ ရက်က ဆေးရုံပို့ဆောင်ခဲ့သလို သူ့ကျန်းမာရေးအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

“ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ညအချိန်မှာ ကောင်းကောင်းအနားယူခဲ့တဲ့အပြင် သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ပုံရိပ်ကလည်း တဖြည်းဖြည်း တိုးတက်လာနေပြီး သူ့အနေနဲ့ အစီအစဉ်အတိုင်း ကုသမှုကို ဆက်လက်ခံယူနေပါတယ်” လို့ ဗာတီကန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မတ်တေးယို ဘရူနီက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလအစောပိုင်းမှာ ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန်ယူမှု ၁၀ နှစ်ပြည့်မြောက်ခဲ့တဲ့ ဖရန်စစ် အနေနဲ့ ရောမမြို့က ဂျင်မ်မယ်လီဆေးရုံကနေ ဘယ်အချိန်ဆင်းရမယ် ဆိုတာကိုတော့ ဘရူနီက မပြောခဲ့ပါဘူး။

ဗာတီကန်ကတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရက်အနည်းငယ် ဆေးရုံတက်ရလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောထားပါတယ်။

လာမယ့် ဧပြီ ၂ ရက်နေ့မှာ စတင်မယ့် ခရစ်ယာန်ပြက္ခဒိန်ထဲမှာ အလုပ်အများဆုံး ကာလတွေထဲက တခုဖြစ်တဲ့ အီစတာပွဲတော်မတိုင်ခင် Holy Week မှာ ပုပ်ရဟန်းမင်းကြီး ပါဝင်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

2 days Ago

December 25, 2022

ခရစ္စမတ်တွင် ပုပ်ရဟန်းမင်းကြီးက ယူကရိန်းငြိမ်းချမ်းရေးအတွက် ဆုတောင်း

ပုပ်ရဟန်းမင်းကြီးရဲ့ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ဖို့ရောက်ရှိလာတဲ့ ယုံကြည် သက်ဝင်သူတွေဟာ ဒီဇင်ဘာ ၂၄ရက်မှာ စုဝေးခဲ့ကြပြီး ယူကရိန်းနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းခဲ့ကြပါတယ်။ 

ကမ္ဘာတဝန်းက သက်ဝင်ယုံကြည်သူတွေဟာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ခရစ္စမတ်အကြို ဝတ်ပြုဆုတောင်းမှုမတိုင်ခင် စိန့်ပီတာရင်ပြင်မှာ ငြိမ်းချမ်းစွာ စုစည်းခဲ့ကြတာဖြစ်ပြီး လူအများစုရဲ့ ဆန္ဒကို ခရစ္စမတ်ပွဲတော်မစတင်မီ နာရီပိုင်းအလိုမှာပဲ အခုလိုထုတ်ဖော်ပြသခဲ့ကြတာပါ။ 

မက်ဆီနာမြို့ခံ ဆယ်လ်ဗာတော် အင်ဒိုဗီနိုက“ကျနော်ဟာ အသက်ကြီးနေပြီမို့ သွေးထွက်သံယိုမရှိဘဲ စစ်ပွဲတွေအဆုံးသတ်နိုင်ဖို့အတွက် အခြေအနေတွေတိုးတက်လာတာကိုပဲ မျှော်လင့်ပါတယ်။ စစ်ပွဲတွေမှာ အနိုင်၊ အရှုံးဆိုတာ ဘယ်တော့မှမရှိသလို အားလုံးရှုံးနိမ့်ကြရတာပါ။ စစ်ပွဲတွေဟာ ပြဿနာတွေရဲ့ အဖြေမဟုတ်ဘူး ဆိုတာကို တဖက်မဟုတ်၊တဖက်က နားလည်သွားတဲ့အချိန်ကျရင် ငြိမ်းချမ်းရေးနဲ့အတူ ဒီစစ်ပွဲတွေလည်း အဆုံးသတ်သွားမှာပါ။ ဒီအမြင်ကြောင့်ပဲ ပုပ်ရဟန်းမင်းကြီးဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဆိုပြီး ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အနေနဲ့လည်း ယူကရိန်း ငြိမ်းချမ်းရေးအတွက် အနည်းဆုံးတစ်ပတ်ကို နှစ်ကြိမ်အထိ လူသိရှင်ကြားကြွရောက်ခဲ့တဲ့ အခမ်းအနားအားလုံးနီးနီပါးမှာ စစ်ပွဲ တွေအဆုံးသတ်ဖို့ မေတ္တာရပ်ခံခဲ့တာပါ။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ရုရှားနိုင်ငံအနေနဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် စတင်ခဲ့ ကတည်းက ဒီဖျောင်းဖျတောင်းဆိုမှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်မက်ဖြစ်ပွားနေတဲ့ ဒီ နှစ်နိုင်ငံ ကို ငြိမ်းချမ်းဆွေးနွေးပွဲတွေဆီ  ပုပ်ရဟန်းမင်းကြီးက အရောက်ဦးဆောင်သွားနိုင်လိမ့်မယ်လို့ လူအများ က မျှော်လင့် ထားကြတာပါ။ 

ခရစ္စမတ်ကာလ ရုရှားနယ်စပ်မှာတော့  စခန်းချနေတဲ့ ယူကရိန်းစစ်သည်တွေထံကို စစ်တပ် ဘုရားကျောင်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ခါခိဗ်မြို့ ပြဇာတ်ရုံက သရုပ်ဆောင်တွေ ရှေ့တန်းတပ်စခန်းတွေဆီ ဒီဇင်ဘာ ၂၄ ရက်က လာရောက် လည်ပတ်ခဲ့ပါတယ်။

ဗရင်ဂျီဘုန်းတော်ကြီး အိုလက်စန်ဒါက စစ်မှုထမ်းတွေကို ကောင်းချီးပေးရင်း ရိုးရာခရစ်ယာန် သတင်းစကားကိုသုံးပြိး  ဂုဏ်ပြု စကားပြောခဲ့ပါတယ်။

“သင်နဲ့ သင့်မိသားစုတွေ လာမယ့် ခရစ္စမတ်မှာ ငြိမ်းချမ်း၊ လွတ်လပ်ပြီး ပုံမှန်ပြန်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံထဲမှာ လာမယ့် ခရစ္စမတ်ပွဲတွေကို ကျင်းပနိုင်ဖို့ ဆန္ဒပြုပါတယ်။ ဒါမှ ငါတို့ ရဲ့ ဘယ်သားကိုမဆို မမြုပ်ရတော့မှာ။ ဒါမှ ငါတို့ မြေမြှုပ်သဂြိုလ်တာ မကြုံရဘဲ မင်္ဂလာဆောင်တွေ မွေးနေ့တွေမှာဆုံရမှာ”လို့ ဘုန်းတော်ကြီးက ဆက်ပြောပါတယ်။

ခါခိဗ် ပြဇာတ်ရုံက သရုပ်ဆောင်တွေကလည်း ယူကရိန်း ရိုးရာသီချင်းတွေ၊ ခရစ်ယာန် ဓမ္မတေးတွေနဲ့ ပြဇာတ် သရုပ်ပြတာတွေနဲ့ စစ်သည်တွေကို ဖျော်ဖြေခဲ့ကြပါတယ်။

“အားလုံး ပျော်ဖို့ ကောင်းပါတယ်။ အနည်းဆုံးတော့ တချို့ ဖျော်ဖြေရေးတွေက တာဝန်ကနေ နည်းနည်း လမ်းကြောင်းတလွှဲဆီ ဆွဲခေါ်သွားတယ်။ ဒါက စိတ်ဝင်စားဖို့ ကောင်းတယ်”လို့ ယူကရိန်း အမျိုးသားအစောင့်တပ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

3 months Ago
Up