close

ပုလောမြို့နယ်တိုက်ပွဲ

close

September 17, 2022

ပုလောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေ၊ PDF ၁ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပုလော PDF  က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

“နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)၊ တိုက်ခိုက်ရေး တပ်ခွဲ (၁) က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်က တနာရီခွဲလောက်အကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနေ့ မနက် ၁၁ နာရီ ဝန်းကျင်က ဒုတိယအကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲနှစ်ကြိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တယောက်လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကလည်း ပုလောမြို့နယ် တပိုရွာအနီး လမ်းကင်းယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁) ၊ တိုက်ခိုက်ရေး တပ်ခွဲ (၃) တို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့ပါတယ်။

3 hours Ago

July 2, 2022

ပုလောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ၊ PDF ၁ ဦးကျဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့တင် ၁၀ ဦးထက်မနည်း ထိခိုက်ကျဆုံးခဲ့ကာ ပြည့်သူ့ကာကွယ်ရေးအဖွဲ့ကလည်း  ၁ ဦးကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် PPDF က ထုတ်ပြန်ပါတယ်။

ပုလောအရှေ့ဖျားရှိ နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပုလောကုန်းနဲ့ မကျည်းကုန်း စတဲ့ကျေးရွာတွေမှာ ဇွန် ၂၇ ရက်မှ  ဇွန်၃၀ ရက်အထိ တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတွေရဲ့ နေအိမ် ၃ အိမ်ထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်  ၁၃  အိမ်ကိုတော့ စစ်ကောင်စီတပ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ PDF တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူတွေရဲ့နေအိမ် မီးရှို့တာကော၊  လက်နက်ကြီးနဲ့ ပစ်တာကော  အနည်းဆုံး ၁၆ လုံး ကျော်ရှိတယ်၊ မီးရှို့ခံရတာ  ၁၃ လုံး၊ ကျန်တာ လက်နက်ကြီးကျတာပေါ့” လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှာင်ပြည်သူလည်း ၁၀၀၀ ကျော်ရှိလောက်ထပ်တိုးလာပြီး အရင်ကရှိပြီးသား ၁၀၀၀ လောက်နဲ့ဆိုရင် ပုလောဒေသမှာ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ လောက်ရှိလာပြီလို့လည်း  ပုလော PDF တာဝန်ရှိသူက ဆိုပါတယ်။

ဇူလိုင် ၁ ရက် မနက် ၇ နာရီ မိနစ် ၄၀ လောက်ကလည်း   ခလရ ၁၇ ဘက်ကနေ ခလရ ၂၈၅ ဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးကို တပိုရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းနှစ်လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ 

3 months Ago
Up