close

ပုလဲPDF

close

March 23, 2022

ပုလဲနှင့် ကသာတွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ကသာမြို့နယ်တို့မှာ မတ် ၂၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်း ၁၃ စီးဟာ ပုလဲမြို့နယ် တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့တွေအတွက် အင်အားဖြည့်ဖို့ လာရောက်စဉ် လက်ပံကန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။
ပုလဲ PDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက “တိုက်ပွဲက ပထမလက်ပံကန်ရွာ အနောက်ဘက် တယ်ပင်ကန်တံတား အရှေ့ဘက်ကနေ တိုက်ခိုက်ခဲ့တယ်။ မိုင်း ၈ လုံးနဲ့ စတင်တိုက်ခိုက်တယ်။ အဲလို မိုင်းဆွဲလို့ ကားတန်း ရပ်တန့်လိုက်တယ်။ အဲလိုရပ်တန့်နေတဲ့အချိန် ကျနော်တို့ တဖက်ပွင့်စိန်ပြောင်း ၆ လုံးနဲ့ ကားနောက်ပိုင်းကို ပစ်ခတ်ခဲ့တယ်ဗျ။ ကား ၂ စီးကတော့ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်။‌ စစ် (-) တွေလည်း အထိအခိုက်‌များမယ်” လို့ ပြောပါတယ်။
ကသာမြို့နယ်မှာလည်း မတ် ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ် မင်းကျောင်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧရာဝတီမြစ်အတွင်းက စစ်ကောင်စီတပ်သင်္ဘောကို လုံခြုံရေးယူဖို့ ခြေလျင်စစ်ကြောင်း တက်လာစဉ် ကသာမြို့နယ် ချောင်းဝကျေးရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနက် ၆ နာရီလောက် မင်းကျောင်းကုန်းကျေးရွာကတပ်၊ ဧရာဝတီမြစ်ထဲ ကပ်ထားတဲ့ စစ်ကောင်စီ သင်္ဘောကို လုံခြုံရေးပေးဖို့ ခြေလျင်စစ်ကြောင်း တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာ။ ပြည်သူ့ကာကွယ်ရေးတပ် PDF က မိုင်း ၈ လုံးဆွဲခဲ့တာ၊ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေလည်း အများကြီးရှိတယ်” လို့ ပြောပါတယ်။
အင်အား ၅၀ ထက်မနည်းပါရှိတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေကို သင်္ဘောနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
မတ် ၁၄ ရက် မနက်ပိုင်းကလည်း ကသာမြို့နယ်ကို ဧရာဝတီမြစ်အတွင်းက ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ရှော့တိုက်ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

8 mins Ago

July 30, 2021

အုပ်ချုပ်ရေးမှူးများ ဩဂုတ် ၁ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြရန် ပုလဲ PDF သတိပေး

စစ်ကိုင်းတိုင်း‌‌‌‌၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဇူလိုင် ၂၉ ရက် ​နေ့စွဲနဲ့ ​ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ထောက်တိုင်လုပ်ပေးနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ သြဂုတ်လ ၁ ရက်ကစပြီး ပြည်သူအပေါ် အနိုင်ကျင့် ရက်စက်နေတဲ့ အကြမ်းဖက်အုပ်စုရဲ့ ယန္တရားက​နေ အားလုံးနုတ်ထွက်ပေးကြဖို့ ပုလဲမြို့နယ် PDF ပြင်းပြင်းထန်ထန် သတိ​ပေးလိုက်တာပါ။

မိသားစုဝင်တွေကိုတော့ တိုက်ခိုက်မှာမဟုတ်ကြောင်၊း မလိုက်နာတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ သက်ညှာမှာမဟုတ်ဘဲ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းသွားတော့မယ်လို့ ဆိုပါတယ်။

"ပြည်သူ့အင်အားဖြင့် စစ်မိစ္ဆာအာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရမည်" လို့လည်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ​ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

8 months Ago
Up