close

ပုသိမ်ဆေးရုံ

close

October 22, 2022

၂ ရက်အတွင်း ပုသိမ်ဆေးရုံ၌ ကိုဗစ်ကြောင့် ၄ ဦး သေဆုံး

ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါနဲ့ ပုသိမ်ဆေးရုံကြီးမှာ ကုသမှုခံယူနေသူ ၂ ဦး အောက်တိုဘာ ၂၀ ရက်က ကွယ်လွန်သွားကြောင့် ပုသိမ်မြို့လူမှုရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပုသိမ်ဆေးရုံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကိုဗစ်က ဖြစ်တာရှိတယ်၊ အခုက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာ။ နေမကောင်းသူတွေ လူများတဲ့နေရာတွေ လာရင် နှာခေါင်စည်းတတ်လာတာတို့ လုပ်စေချင်တာ။ ကိုယ်ခံအားမကောင်းသူတွေ၊ ရောဂါအခံရှိသူတွေအတွက် ကူးသွားနိုင်တာ။ တတိယလှိုင်းက ကိုဗစ်ကြောင့် သေတာများတယ်” လို့ ပုသိမ်မြို့ လူမှုရေးအဖွဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

‌ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်မှု ပုသိမ်မှာ အများဆုံးဖြစ်ပွားပြီး အောက်တိုဘာလထဲ ကိုဗစ်ကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာပြီလို့ ပုသိမ်မြို့ လူမှုရေးအဖွဲ့အစည်းတခုက ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ပုသိမ်မြို့မှာ ကူးစက်မှုနှုန်းများပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၁၄၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။

3 mins Ago

November 22, 2020

ပုသိမ်ဆေးရုံကြီးတွင် ကိုဗစ်လူနာ ကိုယ်ဝန်ဆောင်မိခင်အား အောင်မြင်စွာခွဲမွေးနိုင်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ ခွဲမွေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်ကာ ရောဂါတွေ့ရှိလို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရောက်ရှိလာတဲ့ ကိုဗစ်လူနာဖြစ်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။ "သူစရောက်လာတယ်က မွေးမယ်ဆိုတာ သိတော့ ခွဲမွေးဖို့ ကြိုတင်ပြင်ဆင်ခဲ့တာ၊ ဒီနေ့ မနက် လူနာက ဗိုက်နာလာတော့ ခွဲမွေးဖြစ်ပါတယ်၊ ကလေးရော မိခင်ရော ကျန်းမာရေး ကောင်းပါတယ်" လို့ပြောပါတယ်။ ကိုဗစ်ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်လူနာကို ခွဲခန်းဝင်တဲ့ ဆရာဝန် ဆရာမတွေက PPE ဝတ်ကာ ခွဲစိတ်ပေးခဲ့ပြီး မနက် ၁၀ နာရီ ၄၀ အချိန်မှာ သမီးမိန်းကလေး ၁ ဦး အောင်မြင်စွာ မွေးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ အတည်ပြုလူနာ ၂၆၁ ဦးရှိပြီး ဆေးရုံဆင်းလူနာ ၂၄၂ ဦးရှိကာ သေဆုံးလူနာ ၁ ဦးရှိတယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)  
2 years Ago
Up