close

ပုသိမ်ဟိုတယ်

close

June 21, 2021

ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လ ၂၀ ရက် ညပိုင်းက ဦးတေဇပိုင် ပုသိမ်ဟိုတယ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

မနေ့ည ၈ နာရီ ၄၅ မိနစ်လောက်က ပုသိမ်ဟိုတယ်ရှေ့လမ်းမဘေးမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်တာမရှိဘူးလို့  ဒေသခံတွေက ပြောပါတယ်။

" ပေါက်ကွဲသံက အကျယ်ကြီး ကြားရတာ၊ ကန်သုံးဆင့်ဘက်က ထိခိုက်တာ ရှိ မရှိတော့ အသေချာ မသိရသေးဘူး၊ မရှိဖို့များပါတယ်''လို့ အမှတ် ၃ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး မေလနဲ့ ဇွန်လပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ၇ ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။

4 mins Ago
Up