close

ပုသိမ်-မော်တင်ကားလမ်း

close

August 4, 2021

တောင်ကျရေကြောင့် ပုသိမ်-မော်တင်ကားလမ်းတလျှောက်က နေအိမ် ၁၀၀‌ ကျော် ရေနစ်မြုပ်

ပုသိမ်-မော်တင်ကားလမ်းတလျှောက်မှာ ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းက တောင်ကျရေ ကျဆင်းလာတာကြောင့် လမ်းပိုင်းအချို့နဲ့ လူနေအိမ် ၁၀၀‌ ကျော် ရေနစ်မြုပ်နေပြီး ကားတွေလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။

ဒေသခံတဦဂက “ကားလမ်းမြုပ်တာက တင်းချောင်းနားမှာ မြုပ်တာ၊ ကားတွေ သုံးလေးဆယ်လောက် ပိတ်မိနေတယ်။ အရေးပေါ် လူနာတင်ကားတွေရောပဲ၊ တောင်ကျရေက လမ်းပေါ်မှာ ၃ ပေလောက်ထိဖြစ်နေတယ်” လို့ ပြောပါတယ်။

ကားလမ်းဘေးက လူနေအိမ်အချို့ မျောပါပျက်စီးတာတွေလည်း ဖြစ်​ပေါ်​နေ​တယ်လို့ ကိုယ်တိုင် မြင်တွေ့နေရသူတစ်ဦးက ပြောကြားပါတယ်။

“လမ်းဘေး ချောက်ထဲက အိမ်တချို့ ခေါင်လေးတွေပဲ မြင်ရတော့တယ်၊ မျောတဲ့ဟာက မျောပါသွားပြီ၊ လူတွေကတော့ အစောကတည်းက ရှောင်သွားကြတယ်။” 

ပုသိမ်-​မော်တင်ကားလမ်း​ဘေး တင်းချောင်းကျေးရွာအုပ်စုက ဝက်ကော်ကျေးရွာနေအိမ်တွေအပါအဝင် နေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်တယ်လို့  ဆိုပါတယ်။

တင်းချောင်းဒေသခံတစ်ဦးက “ချောင်းရေကလည်းတက်နေပြီးတော့ တောင်ကျရေကဆင်းတော့ ရွာထဲရေဝင်ကုန်တာ အိမ်တွေအကုန်မြုပ်တယ် တောင်ပေါ်က ဘုန်းကြီးကျောင်းဘက်ကို ရှောင်နေရတယ် ”လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ပုသိမ်-မော်တင်ကားလမ်းတလျှောက် ရေအနည်းငယ် ပြန်ကျနေပြီဖြစ်ပေမယ့် ကားအချို့ ပိတ်မိနေဆဲပဲလို့ ဆိုပါတယ်။ 

4 mins Ago
Up