ကချင်ပြည်နယ်၊ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက် (၂)၊ အထက ဒုတ္တန် အနောက်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၂ နာရီ ဝန်းကျင်လောက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ပေါက်ကွဲတဲ့ အသံတွေကြားရလို့ အိမ်ပြင်ထွက်ကြည့်မှ မီးလောင်နေမှန်းသိရပြီး နှစ်ထပ်ပျဉ်ထောင်အိမ် စလောင်ပြီးတဲ့နောက် ဘေးအိမ် ထရံကာအိမ်လေးကိုလည်း ကူးသွားတာလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ပူတာမြို့ မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ကြပေမဲ့ နှစ်အိမ်လုံး ပြာကျသွားတယ်လို့ ဆိုပါတယ်။
မီးလောင်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းနေဆဲဖြစ်ပါတယ်။
ပူတာအိုမြိုနယ် ဆွမ်ပီယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို KIA နဲ့ Putao PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်လောက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့အ၀င် မူလာရှီးဒီဂိတ်ကို အောက်တိုဘာ ၃ ရက် ဒီနေ့မနက် ၁ နာရီကျော်က ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PUTAO PDF) က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မူလာရှီးဒီဂိတ်ကို PDF တွေ လာပစ်သွားတယ်။ လက်နက်ကြီးသံ၊ လက်နက်ငယ်အသံတွေ အများကြီး ကြားရတယ်။ မိနစ် ၃၀ ခန့်ကြာအောင် သေနတ်ပစ်သံတွေ ကြားရတယ်။ အနီးအနားက ပြည်သူတွေ ကြောက်လို့ တညလုံး မအိပ်နိုင်ကြဘူး။ ထိခိုက်မှု ရှိ၊ မရှိ သိရဖို့ သွားချင်တာ။ ဘယ်သူမှမသွားရဲကြဘူး” လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။
အကြမ်းဖက်စစ်ခေါင်းဆောင်အား ပူတာအိုမှ လက်မခံကြောင်း သတိပေးတဲ့အနေနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ပူတာအိုကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အောက်တိုဘာ ၃ ရက်နေ့မှာ ပူတာအိုတက်ဖို့ စီစဉ်ထားတယ်လို့သိရပြီး ပူတာအိုကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူတွေ မျှော်လင့်ထားသလို အဆင်သင့်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားပါတယ်။