ချဲလ်ဆီးတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ဟာ မန်ယူအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။
ချဲလ်ဆီးအသင်းမှာ စတာလင်ရောက်ရှိလာပြီးနောက်မှာ အမေရိကန်ကစားသမား ပူလီဆစ်ဟာ အရန်ခုံမှာထိုင်နေရပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အလိုရှိနေတာပါ။
အဲဒီအခြေအနေကို မန်ယူအသင်းကအခွင့်အကောင်းယူပြီး ပူလီဆစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းဖို့ပြင် ဆင်လာခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ပူလီဆစ်ကို အပြီးသတ်ရောင်းချဖို့အထိတော့ စိတ်ကူးမရှိဘဲ အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီးမှ တစ်ရာသီအငှားထွက်ကစားခွင့်ပေးဖို့စီစဉ်ထားပါတယ်။
ဒါပေမဲ့ ပူလီဆစ်ဘက်က စာချုပ်သက်တမ်းမတိုးချင်ရင်တော့ အပြီးသတ်ရောင်းချဖို့ အသင်းပိုင်ရှင် တော့ဘိုလီကဆန္ဒရှိနေတယ်လို့သိရပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်လူနေရာအတွက်လည်း ကစားသမားတွေရှာဖွေနေပြီး ကတ်စမဲရိုး၊ ကိုင်စီဒိုနဲ့ မီလန်ကိုဗစ်ဆာဗစ်တို့နဲ့လည်း သတင်းထွက်ပေါ်နေပါတယ်။