close

ပူးတွဲရွှေတံဆိပ်

close

August 2, 2021

အမြင့်ခုန်ပြိုင်ပွဲတွင် ကာတာနှင့် အီတလီ ပြိုင်ပွဲတင် ၂ ဦး ပူးတွဲရွှေတံဆိပ်ယူ

တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမြင့်ခုန်ပြိုင်ပွဲမှာ   အရူံးအနိုင်မပေါ်လို့ ကာတာနဲ့ အီတလီကစားသမား ၂ ဦးက ရွှေတံဆိပ်ဆုကို ပူးတွဲရယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ 

ကာတာကစားသမားဘာရှင်နဲ့ အီတလီကတမ်ဘာရီတို့ ၂ဦးဟာ ၂ ဒသမ ၃၇ မီတာအမြင့်ကို ကျော်အောင် ခုန်နိုင်ခဲ့ကြပေမယ့် အိုလံပစ်စံချိန်ဖြစ်တဲ့ ၂ ဒသမ ၃၉ မီတာကို ၃ကြိမ်စီ ခုန်ခဲ့ရာမှာတော့ ဘယ်သူကမှ မကျော်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကာတာကစားသမား ဘာရှင်က ရွှေတံဆိပ်ဆုကို ၂ ဦး ပူးတွဲရယူနိုင်မလားလို့ ဒိုင်လူကြီးကို မေးမြန်းခဲ့တာပါ။

ဒိုင်လူကြီးက ၂ ဦး နှစ်ဘက် အဆင်ပြေရင် ပူးတွဲရနိုင်ကြောင်းပြောခဲ့ပြီးနောက် ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုတော့ဘဲ ရွှေတံဆိပ်ဆုကို ပူးတွဲရယူခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃ဝ ရှိ ကာတာကစားသမား ဘာရှင်ဟာ ၂၀၁၂ နဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆုရခဲ့ဖူးပါတယ်။

အိုလံပစ်ရွှေတံဆိပ်ကို ပူးတွဲရယူခဲ့ကြတဲ့အပေါ် အားကစားသမားတချို့က ဂုဏ်ပြုစကားတွေ ဆိုခဲ့ပါတယ်။ အမေရိကန်ပြေးခုန်ပစ်အဖွဲ့ချုပ်ကတော့  အားကစားစိတ်ဓာတ်ရှိကြတဲ့ကာတာနဲ့ အီတလီကစားသမား ၂ ဦးကို လေးစားချစ်ခင်ကြောင်း တွစ်တာကနေ ဂုဏ်ပြုခဲ့ပါတယ်။

အမျိုးသားအမြင့်ခုန် ပြိုင်ပွဲရဲ့ တတိယကြေး တံဆိပ် ဆုကိုတော့ ဘီလာရုစ်က မက်ဆင်က ရရှိခဲ့ပါတယ်။

1 min Ago
Up