close

ပူးပေါင်းကင်းလှည့်

close

January 19, 2023

မဲခေါင်မြစ်အတွင်း တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီး ၄ ရက်ကြာကင်းလှည့်

မဲခေါင်မြစ်အတွင်းမှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ၄ နိုင်ငံ ပူးပေါင်းပြီးတော့ ၁၂၅ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုခဲ့ကြတယ်လို့ တရုတ်အစိုးရ အာဘော်သတင်းတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။

အဆိုပါ ပူးတွဲကင်းလှည့်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကစတင်ပြီးတော့  ၃ ညအိပ် ၄ ရက်တာကာလအတွင်း ကီလိုမီတာ ၆၂၀ ကျော် လှည့်လည်ခဲ့ကြပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျင်းဟာ ဆိပ်ကမ်းဆီ တရုတ်ရေယာဉ် ၂ စင်းဟာ ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီပူးပေါင်းကင်းလှည့်မှုမှာတော့ မြစ်ကြောင်းတလျှောက် ဘေးကင်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ၄ နိုင်ငံက သင်္ဘောတွေ သွားလာခဲ့ကြတယ်လို့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံက လန်ကန်မြစ်လို့ လူသိများတဲ့ မဲခေါင်မြစ်ဟာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေလမ်းဖြစ်ပါတယ်။

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက မြစ်ကြောင်းပူးတွဲကင်းလှည့်ခဲ့ကြတာ ဖြစ်ပါတယ်။

9 mins Ago

November 17, 2021

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့ ပူးပေါင်းပြီး မဲခေါင်မြစ်အတွင်း ၁၁၁ ကြိမ်မြောက် ကင်းလှည့်

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ လေးနိုင်ငံ  ပူးပေါင်းပါဝင်တဲ့  ၁၁၁ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း ပူးတွဲကင်းလှည့်မှုကို နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့တယ်လို့ တရုတ် ရှင်းဟွာသတင်းမှာ ဖော်ပြပါတယ်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျင်းဟာဆိပ်ကမ်းကနေ တရုတ်ရေယာဉ်နှစ်စင်း ကင်းလှည့်ဖို့ မနေ့မနက် ၉ နာရီက ထွက်ခွာသွားခဲ့တယ်လို့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။ 

လုပ်ငန်းမစတင်ခင် ဥပဒေစိုးမိုးရေးအာဏာပိုင်တွေဟာ ဗီဒီယိုကွန်ဖရင့်တွေကနေ မဲခေါင်မြစ်ဝှမ်းမှာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ ပြည်သူ့လုံခြုံရေးအခြေအနေတွေကို ပူးတွဲသုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ 

ကင်းလှည့်နေချိန်အတွင်း လေးနိုင်ငံအဖွဲ့တွေဟာ မဲခေါင်မြစ်ရဲ့ အဓိကရေပြင်နေရာတွေမှာ ပူးတွဲဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး မြစ်ဝှမ်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံရှိ လန်ကန်မြစ်လို့ လူသိများတဲ့ မဲခေါင်မြစ်ဟာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် အရေးပါတဲ့ ရေလမ်းဖြစ်ပါတယ်။ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်းတို့ဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက မြစ်ကြောင်းပူးတွဲကင်းလှည့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

1 year Ago
Up