close

ပေဂျင်းမြို့

close

May 6, 2022

ပေဂျင်းတွင် ကိုဗစ်ထိန်းချုပ်နိုင်ရေး ဘတ်စ်ကားနှင့် ရထားလမ်းကြောင်းများ ဆက်ပိတ်ထား

တရုတ်နိုင်ငံ မြို့တော် ပေဂျင်းမှာ ဘတ်စ်ကားနဲ့ မြေအောက်ရထားလမ်းကြောင်းတွေကို မေ ၆ ရက်မှာ တတိယမြောက်နေ့အဖြစ် ပိတ်ထားလို့ မြို့တွင်းလမ်းတွေ ရှင်းလင်း ငြိမ်သက်နေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ တိုးလာလို့ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို တင်းကျပ်ထားတာပါ။

လူဦးရေ ၂၂ သန်းရှိတဲ့ မြို့တော် ပေဂျင်းမှာ မေ ၄ ရက်က သယ်ယူပို့ဆောင်ရေး ကွန်ရက်ရဲ့ ၁၅ ရာခိုင်နှုန်းကို ပိတ်ထားလို့ ရထားဘူတာ ၆၀ ကျော်နဲ့ ဘတ်စ်ကားလမ်းကြောင်း ၁၅၈ ခုကို ပိတ်ခဲ့ရတယ်လို့ ဝန်ဆောင်မှုပေးသူတွေက ပြောပါတယ်။

၃ ရက်ဆက်တိုက် မဖြစ်မနေ လူထုစစ်ဆေးရေးအပြီး မေ ၆ ရက်မှာ မြို့ခံတွေကို နားခွင့်ပေးထားပေမဲ့ ရုံးအဆောက်အဦတွေနဲ့ အများဆိုင် နေရာတွေကို ဝင်ခွင့်၊ ရထားနဲ့ ဘတ်စ်ကား စီးနင်းခွင့်တွေအတွက် မြို့ခံတွေ အပတ်စဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်မှု ရှိမရှိ စစ်ဆေးခံရတာမို့ လူတန်းရှည်ကြီးတွေ ရှိနေဆဲပါ။

ပေဂျင်းမှာ ကူးစက်မှုစတည်းက ၂ ပတ်ဆက်တိုက် နေ့စဉ် အသစ်ကူးစက်ခံ ဒါဇင်ချီ ရှိနေတယ်လို့ အစီရင်ခံထားပါတယ်။ မေ ၅ ရက်မှာ ကူးစက်ခံ ၇၂ ယောက်ကို စစ်ဆေး တွေ့ရှိထားတယ်လို့ အရာရှိတွေက မေ ၆ ရက်မှာ ပြောခဲ့ပါတယ်။

52 seconds Ago
Up