close

ပေါက်မြို့နယ်တိုက်ပွဲ

close

June 26, 2022

ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ကူ

မကွေးတိုင်းပေါက်မြို့နယ်မှာ ဇွန် ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားလို့ ရဟတ်ယာဥ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ Guerilla Ranger ပုလဲပြည်သူ့ကာကွယ်ရေးတပ်ရင်း ၆ က ပြောပါတယ်။

ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ သရက်ကန်ရဲကင်းစခန်းကို ဇွန် ၂၅ ရက်နေ့ မနက် ၄ နာရီလောက်က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ ၁ နာရီခွဲလောက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  Guerilla Ranger(ပုလဲ)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းသူက ပြောပါတယ်။

“စစ်(...)တွေဘက်က ထိခိုက်သေဆုံးသူများပြားလို့ စခန်းသိမ်းခါနီးမှာ စစ်ကောင်စီဘက်က Mi.35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကျနော်တို့ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက် ဒဏ်ရာအနည်းငယ်ရရှိကာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။” 

အဲဒီတိုက်ပွဲကို Guerilla Rarger (ပုလဲ) တပ်ရင်း-၆၊ ပုလဲတပ်ရင်း(၂)၊ MHG တပ်ရင်းက တပ်ခွဲ ၁၊  ၂၊ ၃၊ MPDF (မုံရွာ)၊ ယင်းမာပင် တပ်ရင်း ၃၊ ယင်းမာပင် အမိမြေတပ်ဖွဲ့၊ 3 in 1 တပ်ရင်း၊ သပြေတောပြောက်ကျားတပ်ဖွဲ့၊ ပေါက်မြိုင်တပ်ပေါင်းစုနဲ့ ဒေသခံPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တခုမှာတော့ သရက်ကန်နယ်မြေရဲစခန်းကို PDF တွေက အင်အား အလုံးရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲပေမယ့် အဲဒီစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ တိုက်ရေး၊ ခိုက်ရေး သတ္တိနဲ့ ပြည့်စုံသော ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်ခိုက်ရေးရဟတ်ယာဥ်တွေ စေလွှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် PDF တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုများခဲ့တာကြောင့် ပြန်လည် ဆုတ်ခွားသွားကြတယ်လို့ ဆိုပါတယ်။

5 mins Ago

April 26, 2022

ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြားဒဏ်ရာ ရသွားတယ်လို့ ပခုက္ကူ-GZ တပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ် ရွှေဘုံသာရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အင်အား ၄၀ လောက်ကို မနေ့က ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ PKU-GZ၊PRFနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပေါက်မြို့နယ်တို့ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ လောက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PKU-GZ တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် Tiger က ပြောပါတယ်။

“စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲတဲ့ အခါ လက်နက်အင်အားကွာခြားသလို ကျည်ဆန် မလုံလောက်တဲ့ အခက်ခဲတွေရှိတယ်ဗျ။ မောင်းပြန် သေနတ်တလက်လို ဝယ်ဖို့ကို ကျပ် သိန်း ၁၀၀ ကျော်လောက် ကုန်ကျမှာဖြစ်လို့ ညီနောင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျရနေရာကနေ တိုက်ပွဲဝင်နေတာပါ။ ရဲဘော်တွေကိုတော့ ကျည်ဆန်မလုံလောက်ဘဲနဲ့ ရှေ့တန်းကို မလွှတ်ဘူး။ ရဲဘော်တွေရဲ့ အသက်ကို ကျနော် အသက်ထက်တန်ဖိုးထားတယ်”လို့ ပြောပါတယ်။

ရွှေဘုံသာရွားသားတစ်ယောက်က “ရွှေဘုံသာရွာထဲမှာ မနေ့က မွန်းလွဲပိုင်းလောက်မှာ တိုက်ပွဲ ဖြစ်တယ်။  ဘေးလွတ်တဲ့ နေရာတွေကို ထွက်ပြေးကြရတယ်။ တောထဲတွေမှာ ဖြစ်သလိုဘဲ နေထိုင်စားသောက်နေရတယ်။ အခု လက်ရှိအချိန်ထိ ရွာထဲကို ပြန်မဝင်ရဲသေးဘူး” လို့ ပြော ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 months Ago
Up