close

ပေါင်းတည် PDF

close

March 28, 2022

ပေါင်းတည်သင်္ကြန်ပွဲ လူထုမပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

ပဲခူးတိုင်း ပေါင်းတည်မြို့မှာ ကျင်းပမယ့် ၂၀၂၂ သင်္ကြန်ပွဲမှာ လူထုမပါဖို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်ကနေ သတိပေး ထုတ်ပြန်ထားပါတယ်။ 

“စစ်ကောင်စီလုပ်တဲ့ သင်္ကြန်ပွဲကို မသွားဖို့ မလုပ်ကြဖို့ အနူးညွတ်မေတ္တာရပ်ခံပါတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်” လို့  ပေါင်းတည်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ အခုလိုအရေးယူဆောင်ရွက်ရာမှာတော့ ပြည်သူတွေ အများကြီးရှိနေတဲ့ နေရာတွေမှာ ပြည်သူတွေထိခိုက်အောင် PDF တွေက လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အရင် နအဖလက်ထက် သင်္ကြန်ကာလတခုမှာ ရေကစားမဏ္ဏပ်တချို့ ဗုံးကွဲတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ဖူးပြီး တဖက်အဖွဲ့အစည်းကို ပုံချတဲ့ဖြစ်စဉ်တွေ  ရှိခဲ့ဖူးတယ်လို့လည်း ပေါင်းတည်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဥပမာပေး ပြောဆိုပါတယ်။ 

“အခုလိုအဖြစ်မျိုး ဖြစ်မလာဘူး ပြောလို့ မရဘူး”လို့ သူက ဆက်ပြောပါတယ်။ 

အခုကာလမှာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်း နေရာအတော်များများမှာ အေးချမ်းစည်းကားနေပြီး သူတို့ အုပ်ချုပ်နိုင်နေပြီဆိုတာကို ပြချင်တာကြောင့်နဲ့ PDF တွေကို ပုံဖျက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်နေတာလို့ သူက ပြောပါတယ်။

၂၀၂၂ သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေးနဲ့ မြို့အများစုမှာ စည်းကားစွာလုပ်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

13 mins Ago

February 23, 2022

ပေါင်းတည်တွင် စစ်ကောင်စီတပ်က တပ်ကြပ် ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က တပ်ကြပ် တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ပေါင်းတည် PDF က ပြောပါတယ်။

ပေါင်းတည်မြို့နယ်အခြေစိုက် တပ်မ (၆၆) ဆက်သွယ်ရေးဌာနက တပ်ကြပ်ဇော်မိုးကို မနေ့ ညနေ ၅ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်သုတ်သင်လိုက်တယ်လို့ ​ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ တပ်ကြပ်ဇော်မိုးဟာ ပေါင်းတည်မြို့က ပြန်လာတာဖြစ်ပြီး ဝက်ပုတ်မြို့အလွန် သစ်ချိုဘုန်းကြီးကျောင်းနားမှာ ၂ ခြောက်လုံး သပိတ်အမှတ်တရအနေနဲ့ ပေါင်းတည်PDF က သေနတ်နဲ့ ၂ ချက်ပစ်ခတ်လိုက်လို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပေါင်းတည် PDF အနေနဲ့ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ညကလည်း ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီရဲ့ အဓိက စီးပွားရေဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ပေါင်းတည် PDF က မိုင်းခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

1 month Ago
Up