close

ပေါင် ၄၅ သန်း

close

January 28, 2023

အဲဗာတန်ကြယ်ပွင့် ဂေါ်ဒွန်ကို ပေါင် ၄၅ သန်းဖြင့် နယူးကာဆယ်အသင်းခေါ်ယူ

နယူးကာဆယ်အသင်းဟာ အဲဗာတန်ကြယ်ပွင့်တိုက်စစ်ကစားသမား ဂေါ်ဒွန်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပါတယ်။ 

ကနဦးပေါင် သန်း ၄၀ ပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည် အပေါ်မူတည်ပြီးနောက်ထပ် ပေါင် ၅ သန်း ပေးချေသွားရမှာဖြစ်ပါတယ်။

တန်းဆင်းဇုန်မှာရုန်းကန်နေရပြီး နည်းပြလမ်းပတ်ကိုလည်း ထုတ်ပယ်ခဲ့တဲ့ အဲဗာတန်ဟာ ဂေါ်ဒွန်ကို ဆက်ထိန်းလိုပေမဲ့ ကစားသမားကိုယ်တိုင်က လေ့ကျင့်ရေးမဆင်းဘဲ တောင်းဆိုခဲ့တာကြောင့် လိုက်လျောခဲ့ရတာပါ။

အဲဗာတန်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာသူ ဂေါ်ဒွန်ဟာ အင်္ဂလန်ယူ ၂၁ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

သူထွက်ခွါဖို့ တောင်းဆိုခဲ့တဲ့အပေါ် အဲဗာတန်ပရိသတ်တွေကလည်းဒေါသထွက်ခဲ့ကြပါတယ်။ ဂေါ်ဒွန်ဟာ မကြာခင်မှာပဲ နယူးကာဆယ်အသင်းနဲ့ ဆေးစစ်မှုခံယူပြီး နှစ်ရှည်စာချုပ်ချုပ် ဆိုသွားမယ်လို့သိရပါတယ်။ 

11 mins Ago
Up