close

ပေါ်တာ

close

February 12, 2023

ဂိုးကန်သွင်းချက်ကို လက်ဖြင့်ကာကွယ်နိုင်ခဲ့သည့် ဆိုချက်ဇ်ကို နည်းပြပေါ်တာ ချီးကျူး

ချဲလ်ဆီးအသင်းရဲ့ ကန်သွင်းချက်ကို လက်နဲ့ ကာကွယ်နိုင်ခဲ့တဲ့ ဝက်စ်ဟမ်ကွင်းလယ်လူ ဆိုချက်ခ်ကို နည်းပြ ဂရေဟမ်ပေါ်တာက ချီးကျူးပါတယ်။ 

တကယ်တော့ ဆိုချက်ဇ်ဟာ ချဲလ်ဆီးကွင်းလယ်လူ ဂေါ်လဂါရဲ့ ကန်သွင်းချက်ကို ပင်နယ်တီ ဧရိယာထဲမှာ လက်နဲ့ထိမိခဲ့တာပါ။ 

အဲဒီဖြစ်ရပ်အပေါ် ဒိုင်လူကြီးက ပင်နယ်တီမပေးခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြပေါ်တာက မကျေမနပ်ဖြစ်ခဲ့တာပါ။ 

ဝက်စ်ဟမ်း ကွင်းလယ်သောမက်စ်ဆိုချက်ဇ်ဟာ အကောင်းဆုံးကာကွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အသင်းရှိ ဂိုးသမားကိုတောင် သင်ကြားပေးနိုင်ကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ချီုးကျူးပါတယ်။ 

ဒါပေမဲ့ အဲဒီကာကွယ်မှုဟာ လက်ထိဘောလိုဖြစ်နေပြီး ဂိုးသမား တစ်ဦးလို လက်နဲ့ ဘောလုံးကို တွန်းထုတ်လိုက်တာက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုဖြစ်တယ်လို့ နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။

ဆက်လက်ပြီး VAR ရဲ့လုပ်ဆောင်ချက်တွေဟာ သတမတ်တည်းဖြစ်ဖို့ ခက်ခဲပြီး ဖြစ်လာတဲ့ အမှား အယွင်းတွေကို နားလည်းလက်ခံပေးဖို့သာရှိကြောင်း နည်းပေါ်တာက မှတ်ချက် ပေးသွားပါတယ်။ 

3 hours Ago

September 9, 2021

ပြည်ခရိုင်အတွင်း ကျေးရွာ ၁ ရွာလျှင် လူငယ် ၃၀ ပေးရန် စစ်ကောင်စီက တောင်းခံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ကျေးရွာတချို့မှာ ဒေသခံလူငယ်ယောကျ်ားလေး ၁ ရွာကို အယောက် ၃၀ ပေးဖို့ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကတဆင့် အကြမ်းဖက်စစ်ကောင်စီက တောင်းခံနေတယ်လို့ သိရပါတယ်။

သဲကုန်းမြို့နယ်ထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတဦးက “စစ်ကောင်စီက ရွာထဲက လူငယ်တွေပေးဖို့ တောင်းနေတာ။ တရွာကို လူငယ်ယောကျာ်းလေး အယောက် ၃၀ ပေးရမယ်လို့ပြောတာ။ တချို့ကျေးရွာတွေမှာဆိုရင် လူငယ်တွေပေါ်တာဆွဲခံရနေတယ်လို့ ကြားနေရတယ်” လို့ ပြောပါတယ်။

ပြည်ခရိုင်ထဲက ရွှေတောင်မြို့နယ်နဲ့ သဲကုန်းမြို့နယ်ဘက်က ကျေးရွာတချို့ကလူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

1 year Ago
Up