close

ပေါ်တို

close

June 17, 2022

ပေါ်တိုကွင်းလယ်လူ ဖာဘီယိုဗီယာရာကို ခေါ်ယူရန် အာဆင်နယ် သဘောတူညီမှုရ

အာဆင်နယ်အသင်းဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကွင်းလယ်လူ ဖာဘီယိုဗီယာရာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ ပေါ်တူဂီ ယူ-၂၁ အသင်းခေါင်းဆောင် ဗီယာရာအတွက် အာဆင်နယ်အသင်းက ပေါင်သန်း ၃၀ နဲ့ သဘောတူညီမှုရခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။

ဗီယာရာဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းနဲ့အတူ ၂၇ ပွဲ ကစားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၁၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့လို့ ပေါ်တူဂီလိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဖာဘီယို ဗီယာရာဟာ ကွင်းလယ် တိုက်စစ် နေရာစုံမှာကစားနိုင်ပြီး လာမယ့်ရာသီအတွက် အာဆင်နယ်အသင်းရဲ့ တတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အမေရိကန်ဂိုးသမား မက်တာနာနဲ့ ဘရာဇီးကလပ် ဆာအိုပေါ်လို လူငယ်ကွင်းလယ်လူ မာကွင်ဟိုတို့ကိုလည်း ခေါ်ယူထားပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယယ်ဂျေးဇူနဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန်စ်တို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

5 days Ago

October 5, 2020

မန်ယူနိုက်တက်အသင်း ပေါ်တိုဘယ်နောက်ခံလူကိုခေါ်ယူရန် ယူရို ၁၅ သန်းဖြင့် သဘောတူညီမှုရရှိ

ပေါ်တိုအသင်းနဲ့ ဆွေးနွေးမှုတွေမှာ အောင်မြင်မှုတွေရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။    နောက်ခံလူနဲ့ပတ်သက်လို့ အသင်း ၂ သင်းကြား ဆွေးနွေးခဲ့ပေမယ့် ယူနိုက်တက်အသင်း ပေးတဲ့ဈေးနှုန်းဟာ ပေါ်တိုဘက်က တောင်းဆိုထားတဲ့ ဈေးနှုန်းနဲ့ ကွာဟချက်ကြီးမားနေတာကြောင့် သဘောတူညီချက်ရရှိဖို့ ခက်ခဲခဲ့ပါတယ်။  ဒါပေမဲ့ အောက်တိုဘာ ၄ ရက်မှာတော့ အသင်း ၂ သင်းကြား သဘောတူညီချက်ရရှိခဲ့ပြီး ကစားသမားကို အောက်တိုဘာ ၅ ရက် အပြောင်းအရွှေ့  မပိတ်သိမ်းချိန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက ဆောင်ရွက်နေပါတယ်။  စာချုပ်ဟာ ယူရို ၁၅ သန်းတန်ကြေးရှိပြီး ဆုကြေးငွေ ၂ သန်းပါဝင်တဲ့အပြင် သဘောတူ ညီချက်မှာ ၄ နှစ်စာချုပ်နဲ့ ၁ နှစ်ထပ်တိုးခွင့်ရှိနေပါတယ်။ တဲလက်စ်ဟာ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ဖို့ အောက်တိုဘာ ၅ ရက်မှာ မန်ချက်စတာကို လာရောက်မှာဖြစ်ပါတယ်။  အသက် ၂၇ နှစ်အရွယ် တဲလက်စ်ကို လက်ရှိဘယ်ခြမ်းမှာ ကစားနေတဲ့ လုခ်ရှောနဲ့ နေရာ ပြိုင်လုဖို့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။  ဘယ်ခြမ်းမှာ ကစားဖို့ ဘရန်ဒန်ဝီလီယမ်ရှိပေမဲ့ ဒီကစားသမားဟာ ညာသန်ဖြစ်တာကြောင့် ဝမ်ဘစ်ဆာခါရဲ့ ညာခြမ်းအတွက် အရန်အဖြစ် အသုံးပြုသွားဖွယ် ရှိနေပါတယ်။  နောက်ထပ် ညာနောက်ခံလူ တဦးဖြစ်တဲ့ ဒီယေဂိုဒါးလော့ဟာလည်း အောက်တိုဘာ ၅ ရက်မှာပဲ အေစီမီလန်အသင်းကို ၁ ရာသီ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါးလော့ဟာ မော်ရင်ဟို လက်ထက်မှာ ရောက်ရှိလာသူဖြစ်ပြီး ဝမ်ဘစ်ဆာခါကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။  တဲလက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ အခုနှစ်နွေရာသီ တတိယမြောက်အပြောင်းရွှေ့ ဖြစ်လာနိုင်ပြီး သူ့မတိုင်ခင် အေဂျက်ဇ်ကွင်းလယ်လူ ဒွန်နီဘန်ဒီဘိခ်ကို ခေါ်ယူထားကာ ဝါရင့် တိုက်စစ်မှူး ကာဗာနီကိုလည်း ခေါ်ယူဖို့ သေချာသလောက်နည်းပါးဖြစ်နေပြီ ဖြစ်ပါတယ်။
2 years Ago
Up