close

ပေါ်တူဂီဘောလုံးအသင်း

close

June 5, 2022

ဆွစ်ဇာလန်နှင့် ကန်မည့် နေးရှင်းလိဂ်ပွဲစဉ်အတွက် ပေါ်တူဂီဘောလုံးအသင်း လေ့ကျင့်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဘောလုံးပြိုင်ပွဲအတွက် စီရော်နယ်ဒိုအပါအဝင် ပေါ်တူဂီလက်ရွေးစင်ဘောလုံး အသင်းသားတွေဟာ  ဇွန် ၄ ရက်က လစ္စဘွန်းမြို့က ဘောလုံးကွင်းမှာ လေ့ကျင့်နေကြပါတယ်။ 

အုပ်စု ၂ မှာ ပါဝင်နေတဲ့ ပေါ်တူဂီအသင်းဟာ မေ ၅ ရက်မှာ ဆွစ်ဇလန်နိုင်ငံအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းဟာ ပထမဆုံး ကစားခဲ့ရတဲ့  ဇွန် ၂ ရက်က စပိန်နဲ့ အုပ်စုအဖွင့်ပွဲမှာ တဂိုးစီ သရေကျခဲ့ပါတယ်။

စပိန်နဲ့ပွဲစဉ်မှာ မပါဝင်ခဲ့တဲ့ စီရော်နယ်ဒိုကို ဒီနေ့ည ဆွစ်ဇလန်နဲ့ ပွဲမှာ တွေ့ဖို့ မျှော်လင့်ရပါတယ်။ 

အုပ်စု ၂ မှာ ချက်သမ္မတနိုင်ငံ၊ စပိန်၊ ဆွစ်ဇလန်နဲ့ ပေါ်တူဂီတို့ တအုပ်စုတည်း ကျနေပါတယ်။ ပေါ်တူဂီအသင်းဟာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ပထမဆုံး ယူအီးအက်ဖ်အေ နေရှင်းလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

1 min Ago
Up