close

ပေါ်တူဂီလက်ရွေးစင်အသင်း

close

September 21, 2022

ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ စီရော်နယ်ဒို လေ့ကျင့်နေ

ပေါ်တူဂီလက်ရွေးစင် ဘောလုံးအသင်းအသားတွေဟာ အသင်းအခြေစိုက်တဲ့ အိုယေးရက်စ်မြို့မှာ မနေ့က လေ့ကျင့်ရေးဆင်းနေစဉ်မှာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကိုလည်း အသင်းသားတွေနဲ့ အတူတွေ့ရပါတယ်။

အရင်တပတ်က မန်ယူအသင်းက ရှာရိဖ်တရက်စ်ပိုအသင်းကို အနိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပန်နယ်တီဂိုး တဂိုး သွင်းယူခဲ့ပြီးနောက်  ယုံကြည်မှု ပိုရှိလာတဲ့ပုံမျိုး တွေ့ရပါတယ်။

ပေါ်တူဂီအသင်းဟာ နေရှင်နယ်လိဂ်မှာ  ချက်အသင်း၊ စပိန်အသင်းတို့နဲ့  အုပ်စု B မှာ ကျနေပါတယ်။ 

လက်ရှိပေါ်တူဂီအသင်းမှာ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က လူငယ်တောင်ပံကစားသမား ဂွန်ကာလို ရာမို့စ်ကိုလည်း အားဖြည့်ထားတာတွေ့ရပါတယ်။ ပေါ်တူဂီအသင်းဟာ လာမယ့် စနေ့နေ့ကျရင် ချက်နိုင်ငံအသင်းနဲ့ အဝေးကွင်း၊ နောက်တပတ် အင်္ဂါနေ့ကျရင် စပိန် အသင်းနဲ့ အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

2 mins Ago
Up