close

ပဲခူးရိုးမ

close

April 24, 2023

ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး အရာရှိပါအဝင် ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီးတယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်း PDF က ထုတ်ပြန်ပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပေါက်ခေါင်းမြို့သို့ ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဧပြီ ၂ ရက်ညနေ ၄ နာရီ ၁၅ မိနစ်က မရိုးကျွန်းရွာနဲ့ ဒိုးနွယ်ရွာအကြားမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၃၊ တပ်ခွဲ၄၊ တပ်ခွဲ၅၊ တပ်ခွဲ၁ (တပ်စု၂) ပူးပေါင်းတပ်ဖွဲ့ Eagle စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ရာ ရှေ့ဆုံးကားမှာ ပြည်သူတွေလိုက်ပါလာလို့ လွှတ်ပေးလိုက်ပြီး ကားနောက်မှာ ကပ်ပါလာတဲ့ ဗိုလ်မှူးပါဝင်တဲ့ကားနဲ့ ဆိုင်ကယ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်ရာ နေရာမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး  ၃ ယောက် ဒဏ်ရာ  အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တာလို့ ဧပြီ ၂၃ ရက် ပဲခူး PDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးသူ ၃ ယောက်ထဲမှာ ဗိုလ်ကြီးတစ်ဦးပါဝင်ပြီး  ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ ဗိုလ်မှူးတယောက် အပါအဝင် ၃ ယောက်ကတော့  အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ ၂၀ လောက် စစ်ကူရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို မိနစ် ၂၀ လောက်တိုက်ပွဲဖြစ်ပွားပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တယောက် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ ၂၀ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းကျေးရွာအုပ်စု၊ သရက်ချဉ်ချောင်း‌ကျေးရွာအနီးမှာ  ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေတွေကို ပြည်ခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။

4 mins Ago

March 3, 2023

မင်းလှမြို့နယ်၊ ပဲခူးရိုးမပေါ်တွင် စစ်ကောင်စီတပ်သားများ ကားမှောက် သေဆုံး၊ ဒဏ်ရာရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ပဲခူးရိုးမပေါ်မှာ မတ်လ ၂ ရက်က စစ်ကောင်စီကားတစီး တိမ်းမှောက်ပြီး စစ်ကောင်စီတပ်သား  ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့မနက် ၄ နာရီလောက်မှာ မင်းလှ-မြို့ချောင်းလမ်း၊ ပဲခူးရိုးမပေါ် ခါချဥ်တောင် အနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကား  သုံးစီးတက်လာရာမှာ  ကား တစီးက မတော်တဆ တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။

ဒေသခံတဦးက ''အဲဒီနေရာက အရမ်းသေကြတာ။ တောင်ကလည်း အရမ်းမတ်တာ။ ဒါတောင် အခု NLD အစိုးရလက်ထက်မှာ နည်းနည်းဖြေထားတာ။ ကိုယ်တွေရွာက သေတဲ့သူတွေလည်း အဲဒိနားမှာ တော်တော်များတယ်။ အခုလည်းကားက ဘယ်လို လန်ကျသွားလဲတော့ မသိဘူး။ အသံက အဝေးကြီးက ကြားရတယ်။ ပထမတော့ ကိုယ်တွေ လူတွေကများ မိုင်းထောင် ထားသလားလို့ ထင်လို့ PDFတွေ မေးကြည့်တော့မှ ဘယ်သူမှ မိုင်းထောင် မထားကြဘူးတဲ့။ သူဟာသူ နောက်ကို ပြန်လျှောကျတာတဲ့။ ကားတစီးက လုံး၀ကို မှောက်သွားတာ။ ကားတစီးကို လူ ၄၀ လောက်တော့ ပါမယ်ထင်တယ်။ အဲဒါ ၅ ယောက်က ပွဲချင်းပြီးပဲ။ လူတော်တော် များများက ဒဏ်ရာတွေ ရကြတယ်”လို့ ပြောပါတယ်။

လတ်တလော သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို သာယာ၀တီဆေးရုံနဲ့ ရင်ခွဲရုံတွေကို ပို့ထားတယ်လို့ သိရတယ်။

စစ်ကောင်စီတပ်တွေက ရန်ကုန်ဘက်ကနေ မနက်အစောကြီးက တက်လာကြတာဖြစ်ပြီး မင်းလှ တာစုံကနေ ဝင်လာကာ ပဲခူးရိုးပေါ်ကို တက်လာကြတာလို့ သိရပါတယ်။

2 months Ago
Up