close

ပဲပြုတ်နံပြား

close

February 13, 2023

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဒေါနစစ်ကြောင်းက ပဲပြုတ်နံပြားကျွေးမွေး (ဓာတ်ပုံ)

ဖေဖော်ဝါရီ ၁၃ ရက်၊ ဒီကနေ့မှာကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၀၈ နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ-၁ ရဲ့ ရဲဘော်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် သူရဲကောင်းတွေကို အလေးပြုခဲ့ကြပြီး တပ်ရင်းက ရဲဘော်တွေကိုလည်း ပဲပြုတ်နံပြား ကျွေးမွေးခဲ့ပါတယ်။

ဒေါနစစ်ကြောင်း၊ စစ်ကြောင်းလုံခြုံရေးတပ်စိပ်က ရဲဘော်တွေကလည်း စစ်ကြောင်းရှိ ရဲဘော်တွေကို မုန့်ဟင်းခါးချက်ကျွေးတာ၊ စစ်ကြောင်းမှူး စောဒါးကိုအတွက် အမှတ်တရ ပန်းချီကားရေးဆွဲပြီး လက်ဆောင်ပေးတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

2 days Ago

February 13, 2020

မန္တလေး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် ၁၀၅ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတခွန်မြို့နယ်ရှိ မန္တလာတံခွန် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအတွင်းမှာ ၁၀၅ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ပြည်ကြီးတံခွန်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ပဲပြုတ်နဲ့နံပြားကို ကျွေးမွေးခဲ့ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် ဦးဇော်မောင်မောင်က “ဗိုလ်ချုပ်အောင်ဆန်းကို လူငယ်တွေ၊ ကျောင်းသား/ကျောင်းသူတွေ လေးစားအမှတ်ရစေဖို့ ပဲပြုတ်နဲ့ နံပြား လေးထောင်ကို ကျွေးခဲ့တာပါ။ နောင်လာမယ့် အနာဂတ်က လူငယ်တွေ၊ ကျောင်းသူ/ ကျောင်းသားတွေ လက်ထဲမှာ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြိုးစားမှု ရိုးသားဖြောင့်မှန်မှု တိုင်းပြည်အပေါ် စောင့်သိတဲ့ သစ္စာတွေကို အခု လူငယ်လေးတွေ အတုယူစေချင်တယ်”လို့ ပြောပါတယ်။ မန္တလာတံခွန် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာကျင်းပတဲ့ ၁၀၅ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်ပွဲကို လာရောက်တဲ့ ပြည်သူတွေကို  ပဲပြုတ်နဲ့နံပြား အရေအတွက် ၄၀၀၀ ကျွေးခဲ့ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။
3 years Ago
Up