close

ပဲရစ်ဘူတာရုံ

close

January 12, 2023

ပဲရစ်မြို့ဘူတာရုံတွင် ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ လူစည်ကားရာ ဂဲဒူနော့တ် ရထားဘူတာရုံမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ဓားကိုင်ထားတဲ့ အမျိုးသားတယောက်ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်သူကို ရဲတပ်ဖွဲ့ဝင်တွေက အကြိမ်ပေါင်းများစွာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အတူ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ဒါပေမဲ့ ဒီလိုတိုက်ခိုက်မှုဖြစ်ရခြင်းရဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီရထားဘူတာရုံဟာ ဥရောပတိုက်က လူအစည်ကားဆုံး နေရာတွေထဲက တခုဖြစ်ပြီး ပဲရစ်၊ လန်ဒန်နဲ့ ဥပရောပမြောက်ပိုင်းအကြား ဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းတခု ဖြစ်ပါတယ်။

ဂရင်းနစ်စံတော်ချိန် မနက် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အခင်းဖြစ်ရာနေရာမှာ လုံခြုံရေးရယူထားကာ အခုတော့ ရထားတွေ ပုံမှန်အတိုင်း ပြန်ထွက်နေပြီ ဖြစ်ပါတယ်။

2 mins Ago
Up