close

ပဲ့ထိန်းဒုံးကျည်စနစ်သစ်

close

March 12, 2022

ပဲ့ထိန်းဒုံးကျည်စနစ်သစ်ကို မြောက်ကိုရီးယားပစ်လွှတ်ဟု အမေရိကန်ပြော

မြောက်ကိုရီးယားအစိုးရဟာ ဖေဖော်ဝါရီ ၂၆ နဲ့ မတ် ၄ ရက်တွေမှာ ပစ်လွှတ်စမ်းသပ်ခဲ့တာက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM စနစ်သစ်တွေ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရရဲ့ အကြီးတန်းအရာရှိ တယောက်က  ပြောပါတယ်။

ဒါဟာ တကမ္ဘာလုံးက ညီညီညွတ်ညွတ် တုံ့ပြန်ဖို့လိုတဲ့ အသည်းအသန် အရေးကြီးတဲ့ ပိုကျယ်ပြန့် ပြင်းထန်လာတဲ့ စိန်ခေါ်မှုလို့လည်း သူက ခေါ်ဝေါ်လိုက်ပါတယ်။

“ဒီစနစ်သစ်ထဲမှာ ICBM အရည်အသွေးကို စွမ်းဆောင်နိုင်တဲ့ အခြေခံအချက်တွေ ပါပေမဲ့ ပစ်လွှတ်ချိန်မှာ အဲဒီစနစ်ကို သရုပ်ပြ သုံးစွဲတာ မလုပ်ခဲ့ဘူး။ ဒါဟာ အပြည့်အဝ ပစ်လွှတ်စမ်းသပ်တာ မလုပ်ခင် စနစ်ရဲ့ အစိတ်အပိုင်းတွေကို စမ်းသပ်ဖိုက ရည်မှန်းတာ ဖြစ်ပုံရပြီး အာကာသ လွှတ်တင်ရေးအဖြစ် ရုပ်ဖျက်ဖို့ အလားအလာ ဖြစ်နိုင်တယ်” လို့ အမည်မဖော်တဲ့ အမေရိကန်အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

၂၀၂၀ အောက်တိုဘာလက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ စစ်ရေးပြပွဲအတွင်း ခင်းကျင်းပြသခဲ့တဲ့ ဒုံးကျည်စနစ်ကို မြင်ခဲ့ဖူးပါတယ်။

ခေါင်းဆောင် ကင်နဲ့ တခြားအကြီးတန်းအရာရှိတွေက အလေးပြုခဲ့ပြီး အလံတွေ ဝှေ့ယမ်းနေတဲ့ လူအုပ်ကို ဖြတ်သန်းရင်း ဒုံးကျည်တွေကို သယ်ဆောင်သွားခဲ့တာပါ။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြိး အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေ ရဖို့ လာမယ့်နှစ်တွေမှာ ကင်းထောက်ဂြိုဟ်တုတွေ ပစ်လွှတ်သွားမယ်လို့ ကင်ဂျုံအန်းကို ကိုးကားပြီး မြောက်ကိုရီးယားအစိုးရ မီဒီယာက မတ် ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

5 mins Ago
Up