close

ပျက်ကျမီးလောင်

close

October 21, 2021

အမေရိကန်တွင် လေယာဉ် ပျံတက်စဉ် ပျက်ကျမီးလောင် ၊ ၁ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ်၊ ဝေါလာမြို့မှာ အောက်တိုဘာ ၁၉ ရက် မနက်က လူ ၂၁ ယောက်ကို တင်လာတဲ့ လေယာဉ်တစီး ပျံတက်ချိန်မှာ ပျက်ကျခဲ့ပေမဲ့ လူတယောက်ပဲ ဒဏ်ရာရတယ်လို့ NBC သတင်းဌာနက ဖော်ပြပါတယ်။

လေယာဉ်ဟာ ဟူစတန်အထူးလေဆိပ် ပြေးလမ်းနားမှာ ပျက်ကျခဲ့တာပါ။ ဒဏ်ရာရသူကို ဆေးရုံတင်ထားပြီး တခြားခရီးသည်တွေကို လေယာဉ်ပေါ်ကနေ ဘေးကင်းကင်း ဖယ်ထုတ်ခဲ့ပြီးပြီလို့ ဒေသခံပြည်သူ့လုံခြုံရေးဌာနကို ကိုးကားပြီး NBC သတင်းဌာနက ပြောပါတယ်။

McDonnell Douglas MD-87 လေယာဉ်ဟာ လေဆိပ်ကနေ ထွက်ဖို့  ကြိုးစားချိန်မှာ လယ်ကွင်းထဲမှာ မီးလောင်ခဲ့တယ်လို့ ပြည်ထောင်စုလေကြောင်း စီမံအုပ်ချုပ်ရေးရုံး (FAA)ကို ကိုးကားပြီး ဟူစတန် NBC သတင်းဌာနက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုကို အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့နဲ့ (FAA) တို့က စုံစမ်းစစ်ဆေးမယ်လို့လည်း NBC က ပြောပါတယ်။

2 mins Ago
Up