close

ပျားသုန်းရွာသား

close

April 30, 2022

မင်းကင်းမြို့နယ်တွင် ပျားသုန်းရွာသား ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသက ပျားသုန်းရွာကို  ဧပြီ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာသား တယောက်ကို ဖမ်းဆီးသွားပါတယ်။  

ပျားသုန်းရွာဒေသခံတဦးက "မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ ရွာအနောက်ဘက်ကို လက်နက်ကြီး ပစ်ပြီး ဝင်လာတယ်။ စစ်ဘေးရှောင်စခန်း နဲ့လူနေအိမ်တွေကို မီးရှို့ပြီး နေလယ် ၁ နာရီလောက်မှာ ဒေသခံ ကိုစိုးသူ အသက် ၃၅ နှစ်ကို   ရိုက်နှက် ဖမ်းသွားတယ်”လို့  ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ပျားသုန်းကျေးရွာကိုမွှေနှောက်ဖျက်ဆီး မီးရှို့သွားခဲ့ပြီး သိန်း ၁၂၀ ကျော်ခန့်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ပျားသုန်းရွာဒေသခံတစ်ဦးထံက သိရပါတယ်။

3 hours Ago
Up