close

ပျုစောထီး

close

January 29, 2022

ပျုစောထီးအဖွဲ့က သတ်ဖြတ်ခဲ့သည့် NLD ပါတီဝင်တဦးအပါအဝင် ကျဆုံးပြည်သူ ၁၅၀၀ နီးပါးရှိ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်နီးပါးအကြာ စစ်ကောင်စီတပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၄၉၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံ ရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၇၉၈ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၅၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

မန္တလေးအခြေစိုက် Mandalay Free Press (MFP) သတင်းဌာနအတွက် ရုပ်သံတည်း ဖြတ်တဲ့ လုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ ကိုအောင်ဇော်ဇော်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က တရားစွဲဆိုခံခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာက သူ့ရဲ့ နေအိမ်မှာ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီလောက်က ဖမ်းဆီးခံခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မနက် ၈ နာရီလောက်က တနင်္သာရီတိုင်းဒေသကြီး၊ ရေ ဖြူမြို့နယ်၊ ပရဒတ်ကျေးရွာက NLD ပါတီဝင် ဦးကျော်ဝင်း (ခ) ဦးဖပလက်ကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခဲ့ပြီး အနီးတောတွင်းတစ်နေရာမှာ ညှဉ်းပန်းနှိပ်စက် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးကျော်ဝင်း (ခ) ဦးဖပလက်ဟာ သူ့ရဲ့ ဥယျာဉ်ခြံမှာ သစ်ပင်ရေ လောင်းနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

3 mins Ago
Up