close

ပျူစောထီးသင်တန်း

close

May 17, 2022

မအူပင်မြို့ ကျေးရွာအချို့တွင် ပျူစောထီးသင်တန်းဖွင့်ရန် ဆက်ကြေးကောက်နေ

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ  မေလဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲတွေနဲ့ သတင်းပေးတွေပေါင်းပြီး ပျူစောထီးသင်တန်းဖွင့်ဖို့အတွက် ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်ထဲက ကုလားစု၊ ငါးကြီးဂရက်၊ အောင်ဟိတ်နဲ့ ချောင်းဖျားကြီးကျေးရွာတွေကို စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေရောက်လာပြီး သတင်းပေးတွေ လိုက်လံပြသတဲ့အိမ်တွေကို ငွေဝင်တောင်းတာတွေပြု လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“လာတာတော့ စစ်သားရော ရဲရောပါတယ်။ အရပ်ဝတ်နဲ့ သတင်းပေးတွေက အိမ်လိုက်ပြတယ်။ ရွာထဲက အိမ်တိုင်းကိုတောင်းတာမဟုတ်ဘူး၊ ပိုက်ဆံရှိတဲ့အိမ်တွေကို ရွေးဝင်တာ။ သူတို့က ဧည့်စာရင်းစစ်တဲ့ပုံစံမျိုး စာရွက် စာတမ်းတွေတောင်းပြီး ခြောက်လှန့်ပြီးတော့ ပိုက်ဆံတောင်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပျူစောထီးသင်တန်းဖွင့်ဖို့အတွက် ကျေးရွာတွေက ပိုက်ဆံချမ်းသာတဲ့နေအိမ်တွေကို ဝင်ရောက်ပြီး ခြိမ်းခြောက်ကာ ဆက်ကြေးတောင်းတာကြောင့် အိမ် ၁ အိမ်ကို အနည်းဆုံး ၁ သိန်းခွဲကနေ အများဆုံး ၃ သိန်း ပေးရတဲ့အထိ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ရဲတွေက ခုလိုမျိုး ကျေးရွာတွေမှာ လိုက်လံဆက်ကြေးကောက်ခံနေပေမယ့် မတိုင်ရဲလို့ ဒီတိုင်းငြိမ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

6 mins Ago

March 31, 2022

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို မြန်မာ့တော်ဝင်နဂါးတပ်မတော် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှာ ပျူစောထီးတွေကို သင်‌တန်းပေးနေတဲ့ စစ်ကောင်စီတပ်စခန်းကို မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) က မတ် ၃၀ မနက် ၉ နာရီခွဲလောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်မတော် ဦးစီးခေါင်းဆောင် ဗိုလ်နဂါးက "တိုက်ပွဲဖြစ်ခဲ့တာ ဟုတ်တယ်ဗျ။ ကျနော်တို့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) နဲ့ ဖြစ်ခဲ့တာပါ။ ကျနော်တို့ လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ ဒီကောင်တွေ ရွာအပြင်ကို ထွက်လာတဲ့အချိန် ပစ်လိုက်တယ်။ အင်အား ၅၀ လောက်နဲ့ အင်မထီးရွာကနေ ကိုင်းတွင်းဘက်လာတာကို လမ်းကနေ ဖြတ်တိုက်လိုက်တာ။ အတော်သတ္တိရှိတဲ့ကောင်တွေ၊ ကျနော်တို့ဘက်က စပစ်တာရှိသေးတယ်၊ အင်မထီးရွာထဲ ပြေးဝင်သွားတာ ဖင်ကို ထောင်နေတာပဲ။ အထိအခိုက်ကတော့ အတိအကျ မပြောနိုင်သေးဘူး။ သတင်းကြားရတာတော့ ၅ ဦးလောက် ဒဏ်ရာရသွားတယ်" လို့ အတည်ပြု ပြောပါတယ်။

စစ်‌ကောင်စီတပ် တိုက်ခိုက်ခံရတဲ့ အင်မထီးကျေးရွာကို ဒေသခံပြည်သူတွေက ပျူစောထီးရွာအဖြစ် သတ်မှတ်ထားသလို စစ်တပ်က အချိန်အတန်ကြာကတည်းက တပ်ဆွဲနေထိုင်ကာ ဒေသခံတွေကို စစ်သင်တန်းပေးပြီး လက်နက်ပါ တပ်ဆင်ပေးတာတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် အင်မထီးရွာ ဘေးပတ်ပတ်လည်မှာလည်း စစ်ကောင်စီတပ်က မိုင်းတွေ ထောင်ထားတယ်လို့ အင်မထီးကျေးရွာအနီးက ဒေသခံတွေက ပြောပါတယ်။

2 months Ago
Up