close

ပျူစောထီးအဖွဲ့၀င်

close

July 17, 2022

ဗန်းမော်မြို့တွင် ပျူစောထီးအဖွဲ့၀င်တဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ စိန်ပန်းကုန်းအုပ်စု၊ ရွှေကျီးနားလမ်းဆုံမှာ ဇူလိုင် ၁၇ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါပစ်ခတ်လုပ်ကြံခံရသူဟာ ခမရ ၂၃၆ တပ်မှ အငြိမ်းစားယူထားတဲ့ ပျူစောထီးအဖွဲ့ဝင် ဦးတင်ဇော်ထွေး အသက်(၅၆)နှစ် ဖြစ်ပြီး ဇနီးဖြစ်သူ လမ်းဆုံမှာဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင် ရောက်ရှိနေချိန် Mask အုပ်ထားတဲ့ လူ ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ၂ ချက်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

“မနက်က မိုးတွေရွာတော့ လမ်းမဘက်မှာ လူရှင်းတယ်လေ။ သူက ဆိုင်အနောက်ဘက် ရေမြောင်းဖောက်နေချိန်မှာ လူ ၂ ဦးကပစ္စတိုနဲ့ပစ်ခတ်သွားတ။” လို့ မြို့ခံတဦးက ပြောပါတယ်။

ဦးတင်ဇော်ထွေးဟာ သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် နေရာမှာတင် သေဆုံးသွားခဲ့ပြီး  စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားခဲ့ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ခဲ့ ကြတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ပစ်ခတ်လုပ်ကြံသူ နှစ်ဦး ဘယ်သူတွေဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

16 hours Ago
Up