close

ပျူစောထီးအဖွဲ့ #ပစ်သတ်ခံရ #King Cobra

close

September 13, 2021

ခင်ဦးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်းကျေးရွာမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် ၁ ဦးကို King Cobra အဖွဲ့က စက်တင်ဘာ ၁၂ ရက်ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

ပင်တင်းကျေးရွာကို စစ်တပ်ဝင်ရောက်တာ ၆ ကြိမ်ရှိသွားပြီဖြစ်ပြီး အဲဒီပျူစောထီးအဖွဲ့ဝင်ဟာ  ဝင်ခဲ့တဲ့အကြိမ်တိုင်း စစ်တပ်ရှေ့က ဦးဆောင်လမ်းပြနေသူလို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ပင်တင်းရွာသား ကိုစောထွန်းနိုင် ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ဝင်ရောက်ပြီး နေအိမ်တွေ၊ လယ်ထွန်စက်တွေနဲ့ ကားတွေကို ဖျက်ဆီးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ရွာသူရွာသားတွေဟာ မိုးထဲရေထဲ အချိနိမတော်ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

King Cobra အနေနဲ့ ခင်ဦးနယ်တခွင်က အုပ်ကြီး၊ သတင်းပေးဒလန်နဲ့ ပျူစောထီးတွေကို သုတ်သင်ရှင်လင်းနေတာ ကိုစောထွန်းနိုင် အပါအဝင် အယောက် ၂၀ ရှိသွားပြီလို့ အဖွဲ့က ထုတ်ပြန်‌ထားပါတယ်။

4 mins Ago
Up