close

ပျူစောထီးအဖွဲ့

close

March 30, 2023

ဆားလင်းကြီးတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ပခုက္ကူ၌ စစ်တပ်နှင့် ပျူစောထီးကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ ထောက်ခံပွဲက ပြန်လာတဲ့ စစ်ကြောင်းနဲ့ လက်ပံတောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို National Revolutionary Guards (NRG) နဲ့ ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ NRG မှ ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

ဆားလင်းကြီးမြို့ပေါ်မှာ စစ်ကောင်စီနဲ့ အကြမ်းဖက်စစ်တပ် ထောက်ခံပွဲလုပ်ပြီး ပြန်လာတဲ့ စစ်ကောင်စီ၊ ပျူစောထီး အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို မတ်လ ၂၉ ရက် မနက် ၇ နာရီလောက်က ဆားလင်းကြီးမြို့မြောက်ဘက် နယ်ခြားကျောင်းအနီးမှာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ။

NRG က စနိုက်ဘာရဲဘော်လက်ချက်နဲ့ စစ်ကောင်စီတပ်သားတဦး နေရာတင် ပွဲချင်းပြီးသေဆုံးကာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က “သူတို့က အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ပြုလုပ်ပြီး ပြန်လာတာ။ ပြီးတော့ လက်နက်ကြီးစစ်သားတွေ အများကြီးပဲ။ ကျနော်တို့ မဟာမိတ်ညီနောင်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မတ်လ ၂၉ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက အင်အား ၇၀ လောက်က လက်ပံတောင်းရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာမှာ သွားရောက်ပူးပေါင်းပြီး ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးကာ ပြည်သူ့စားနပ်ရိက္ခာတွေကို စားသောက် သုံးစွဲနေတယ်လို့ သတင်းရလို့ သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

NRG မှ ဗိုလ်သူရိန်က “ဒီကောင်တွေ ချင်းတွင်းမြစ်ကြောင်းကနေ စက်လှေနှစ်စီး ချောဆွဲပြီးတော့ လက်နက်ခဲယမ်းလာဖြည့်တဲ့ စက်လှေကို လက်ပံတောင်းရွာဘက် ဆိပ်ကမ်းကပ်တဲ့အချိန်မှာ သွားတိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ စပစ်တယ်။ နှစ်ဖက် အပြန်အလှန် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပါတယ်။ ကျနော်တို့ တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာပဲ ခုနစစ်ကြောင်းက စက်လှေနဲ့ အင်အား ၄၀ လောက် ချင်းတွင်းမြစ်ကြောင်းအတိုင်း မြစ်ကမ်းဘေးကရွာတွေကို လက်နက်ကြီးပစ်ပြီးတော့ မုံရွာနန်ချွန်လှေဆပ်ကို သွားတယ်လို့သိရတယ်။ လက်ရှိ လက်ပံတောင်းရွာထဲမှာ အင်အား ၈၀ လောက် ကျန်သေးတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေကို National Revolutionary Guards (NRG/Salingyi)၊ Chindwin၊ MPDF တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း မတ်လ ၂၉ ရက်က စစ်ကောင်စီနဲ့ ပျူစောထီးကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာနဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာကြားမှာ မတ်လ ၂၉ ရက် မနက် ၉ နာရီလောက်က ဂန့်ဂေါမြို့ဘက်ကနေ ပခုက္ကူမြို့ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီရဲ့ ၁၀ ဘီးကားတစီးနဲ့ လိုက်ထရပ်ကားတစီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လခြမ်းမိုင်း ၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖတပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို အတင်းအဓမ္မသိမ်းယူပြီး ပခုက္ကူမြို့မှာ ရောင်းဖို့ထွက်လာတဲ့ ပျူစောထီးတွေရဲ့ ဖောကား၊ လိုက်ထရပ်ကားနဲ့ ၁၂ ဘီးကား အစီး ၂၀ လောက်ကို မနေ့ မတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီကျော်လောက်က ကန်တော်ရွာနဲ့ ညောင်ဂျစ်ပင်ရွာကြားမှာ ရှေ့ထွက်မိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရရှိတဲ့သူတွေ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း-၁ နဲ့ Black Cobra တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

5 mins Ago

March 13, 2023

အင်းတော်၌ စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊ ဝက်လက်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ  မတ်လ ၁၂ ရက် မနက်အစောပိုင်းက  KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးလက်နက်ကြီးတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကား ၂ စီး ပျက်စီးကာ စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပြောပါတယ်။ 

ကသာ-နဘား ကားလမ်း ကျောက်ခွဲစက်အနီးမှာ ကသာ ၃၀၉ တပ်ကနေ ထွက်လာတဲ့ စစ်ကား ၄၆ စီးပါတဲ့ ယာဉ်တန်းကို IA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အင်းတော် PDF အဖွဲ့ဝင်တစ်ယောက်က" ပျက်စီးသွားတဲ့ ကား နှစ်စီးကိုအရပ်သားကားနဲ့ ပင်းမလွတ်ရွာဘက်ကို ဆွဲယူသွားတယ်။ သေတဲ့သူ‌တွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေကိုတော့ ပင်းမလွတ်ရွာဘက်နဲ့ အင်းတော်ဘက်ကို သယ်ယူခဲ့ကာ သေတဲ့ အလောင်းတွေကို စစ်တပ်ကုန်းမှာပဲ မြုပ်ခဲ့ကြတယ် မိမိတို့ဘက်က အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ် " လို့ ပြောပါတယ်။

စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အင်းတော်မြို့ထဲမှာ စစ်ယာဥ်တန်း ၄၀ စီးကျော် ရောက်ရှိနေပြီး စက်ကုန်းဘုန်းကြီးကျောင်း၊ လက်ပံကုန်းဘုန်းကြီးကျောင်း၊ လဝကရုံးနဲ့ အင်းတော်ဘောလုံးကွင်းထဲမှာ နေရာယူတပ်ဆွဲထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာလည်း ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေကို Black Wolf-Army က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနားမှာ အင်အား ၅၀ ခန့် ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်း ပြည်သူပိုင်နေအိမ်တွေကို မီးရှိ့ဖျက်ဆီးနေတယ်လို့ သတင်းရတဲ့အတွက် မတ်လ ၁၁ ရက် မွန်းလွဲ ၁နာရီခွဲလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ Black Wolf Army က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒီကောင်တွေ နေအိမ်တွေကို မီးစရှို့နေတယ်ကြားလို့ သွားတိုက်ခဲ့တာ အပြန်အလှန်တိုက်ပွဲ ဖြစ်တယ်။ ဒီကောင်တွေဘက်က ၅၀ ခန့်ရှိမယ် ဒဏ်ရာရတာတွေတော့ရှိနိုင်တယ် သေချာတော့ မပြောနိုင်ဘူး။ တိုက်ခိုက်မှုအပြီးမှာလည်း ပြည်သူအိမ်တွေကို ဖျက်ဆီးပြီး လက်နက်တွေကို လျှောက်ပစ်နေတာတွေရှိတယ်" လို့ ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်အကျဆုံးမရှိခဲ့ပေမဲ့ ည ၇ နာရီလောက်မှာ လူနေအိမ်တွေကို စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ၁၂  ချက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။

ဟန်လင်းကျေးရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ရွှေဘိုနယ်ထဲက တခြား ရွာတွေကို စစ်ကြောင်းထိုးပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ တိုက်ပွဲဖော်ဆောင်မှုတွေပိုမိုလုပ်ဆောင်နိုင်ဖို့အရေး ငွေကြေးနဲ့အခြားအကူညီတွေလိုအပ်နေပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

2 weeks Ago
Up