close

ပျောက်ဆုံးမှု

close

April 29, 2022

ဆယ်ကျော်သက်မိန်းကလေး ပျောက်ဆုံးမှုနှင့်ပတ်သက်သည့်သက်သေ မက္ကဆီကို အစိုးရရှေ့နေ ထုတ်ပြ

မက္ကဆီကိုနိုင်ငံမှာ ဆယ်ကျော်သက်မိန်းကလေး အက်ကိုဘာ ပျောက်ဆုံးခဲ့မှုကြောင့် တနိုင်ငံလုံး ဒေါသထွက်နေကြတဲ့ အမှုနဲ့ ပတ်သက်တဲ့ နောက်ထပ် သက်သေတခုကို အစိုးရရှေ့နေတွေက ဧပြီ ၂၇ ရက်မှာ ထုတ်ပြလာပါတယ်။

ဒီဗွီဒီယိုထဲမှာ ဧပြီ ၉ ရက်က ပျောက်ဆုံးသွားတဲ့ ဆယ်ကျော်သက် မိန်းကလေး ဒါဘာနီ အက်ကိုဘာကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရတာပါ။

အသက် ၁၈ နှစ်အရွယ် ဥပဒေကျောင်းသူ အက်ကိုဘာဟာ ဧပြီ ၇ ရက်နေ့က နိုင်ငံမြောက်ပိုင်းက စက်မှုလက်မှုမြို့ဖြစ်တဲ့ မွန်တာရေးမြို့မှာ ပျောက်ဆုံးသွားခဲ့ပြီး ဧပြီ ၂၁ ရက်ကျမှ တည်ခိုခန်းတခုအနီးမှာ သူမအလောင်းကို ပြန်တွေ့ခဲ့ရပါတယ်။

အစပိုင်းမှာ တည်းခိုခန်းက အက်ကိုဘာနဲ့ပတ်သက်တဲ့ အထောက်အထား မရှိဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဖိအားပေးတာကြောင့် အခုဗွီဒီယိုတွေကို ထုတ်ပေးလာရတာပါ။

တည်ခိုခန်း လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုထဲမှာ တည်းခိုခန်းထဲ ဝင်သွားတဲ့ အက်ကိုဘာကို တွေ့ရပါတယ်။

အက်ကိုဘာ ပျောက်ဆုံးမှုဟာ နွေးဘိုးလီယွန် ပြည်နယ်ထဲက အမျိုးသမီးတွေဘဝ မလုံခြုံတဲ့ အခြေအနေကို မီးမောင်းထိုးပြနေတာပါ။

ဒီပြည်နယ်ထဲမှာ ဒီလထဲ ဆယ်ကျော်သက်တွေ အပါအဝင် အမျိုးသမီး ၂၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး အခု အက်ကိုဘာ အပါအဝင် အမျိုးသမီး ၆ ယောက်ကတော့ ပျောက်ဆုံးခဲ့ပြီးနောက် အလောင်းတွေပဲ ပြန်တွေ့ခဲ့ပါတယ်။

မက္ကဆီကို တနိုင်ငံလုံးမှာ နေ့စဉ် အမျိုးသမီး ၁၀ ယောက် အသတ်ခံနေရပြီး ထောင်သောင်းချီ ပျောက်ဆုံးနေပါတယ်။

5 mins Ago

December 16, 2019

မော်လမြိုင်က ဆရာဝန်သားအဖ ပျောက်ဆုံးမှု ၁၀ ရက်မြောက်နေ့အထိ သဲလွန်စ မရသေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဒေါက်တာအေးဇော်ထွန်းတို့ သားအဖနှစ်ဦး ပျောက်ဆုံးနေမှု ၁၀ ရက်မြောက်နေ့အထိ သဲလွန်စ တစုံတရာ တွေ့ရှိခြင်း မရှိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒေါက်တာအေးဇော်ထွန်းနဲ့ အသက် ၃ နှစ်ခွဲအရွယ် သားဖြစ်သူ စသုတမွန်တို့ဟာ ဒီဇင်ဘာ ၅ ရက် ညနေ ၁၀ နာရီခွဲလောက်က မော်လမြိုင် ဖက်ခင်းလမ်းရှိ ဧရာဝတီစားသောက်ဆိုင်မှာ မိတ်ဆွေသုံးဦးကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး စားသောက်ဆိုင်ကနေ နေအိမ်အပြန်လမ်းမှာ သာအဖနှစ်ဦးအပြင် စီးသွားတဲ့ကားပါ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ အခုအခါ သူတို့သားအဖ ပျောက်ဆုံးနေမှုကို ရှာဖွေမှုတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် သဲလွန်စ တစုံတရာ တွေ့ရှိခြင်း မရှိသေးဘူးလို့ ဒေါက်တာအေးဇော်ထွန်းရဲ့ ယောက်ဖဖြစ်သူ ကိုအောင်သူဟိန်းက  ပြောပါတယ်။  CCTV မှတ်တမ်းတွေအရ ဒေါက်တာအေးဇော်ထွန်းဟာ စားသောက်ဆိုင်မှ နေအိမ်အပြန် မော်လမြိုင်မြို့ မြိုင်သာယာ တိုင်းရင်းဆေးရုံအနားအရောက်မှာ စတင် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာအေးဇော်ထွန်းနဲ့ သားဖြစ်သူ ပျောက်ဆုံးမှုကို ရှာဖွေတာတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် ထူးခြားမှု တစုံတရာ မတွေ့ရသေးဘူးလို့ မော်လမြိုင်မြို့  မုပွန်နယ်မြေရဲစခန်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
2 years Ago
Up