close

ပျံသန်းမှုပြိုင်ပွဲ

close

June 7, 2021

မော်စကိုတွင် ဒရုမ်းယာဉ် ပျံသန်းမှုပြိုင်ပွဲကျင်းပ

ရုရှားမြို့တော် မော်စကိုမှာ  ဒရုမ်းယာဉ် ပျံသန်းမှုပြိုင်ပွဲကို ဇွန် ၅ ရက်က စတင် ကျင်းပနေရာမှာ ရုရှားတနိုင်ငံလုံးက ဝါသနာအိုးတွေက သူတို့ရဲ့ နည်းပညာ ဖန်တီးမှု စွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။

ပါဝင် ကစားသူတွေဟာ သူတို့ ကိုယ်ပိုင် ဒရုမ်းယာဉ်တွေကို ဖန်တီးခဲ့ပြီး ပြိုင်ပွဲနိုင်ဖို့ ပြိုင်ပွဲဝင်တဲ့ နေရာမှာတင် သူတို့ရဲ့ ဒရုမ်းယာဉ် မိုဒယ်ကို အပြောင်းအလဲ လုပ်ခဲ့ကြတာပါ။

ပါဝင်ဆင်နွှဲသူ အားလုံးရဲ့ ပန်းတိုင်ကတော့ ဖြစ်နိုင်သမျှ အတိုဆုံး အချိန်အတွင်း ဒရုမ်းယာဉ် ပျံတဲ့ လမ်းကြောင်း အပြီးသတ်ဖို့လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကစ ရုရှား ဒရုမ်းယာဉ် ပြိုင်ပွဲဟာ နိုင်ငံတကာ လေကြောင်း အသင်းချုပ်က အသိအမှတ်ပြုတဲ့ တရားဝင် အားကစားနည်း အဆင့်အတန်းကို ရခဲ့ပါတယ်။

၂၀၁၈ မှာတော့ ရုရှ အားကစားဝန်ကြီးဌာနက ဒရုမ်းယာဉ် ပြိုင်ပွဲကို ရုရှ တနိုင်ငံလုံးက အားကစားနည်းတွေထဲမှာ စာရင်းသွင်းခဲ့ပါတယ်။

4 mins Ago
Up