close

ပြင်ဆင်ထားရမည့်အချက်

close

March 21, 2022

ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်ထားရမည့် အချက်များ

ကြိုတင်သတိထားစရာ  

-လေပြင်းတိုက်တဲ့အခါ ဓာတ်တိုင်တွေပြိုလဲ၊ မီးလောင်၊ ဖုန်းလိုင်းတွေပြတ်နိုင်။

-ပင်လယ်ဒီရေတက်၊ မြစ်ရေကြီး၊ ဆည်ရေလှောင်တမံကျိုးနိုင်။

-တောင်ပြို၊ မြေပြို၊ သစ်ပင်လဲ၊ 

အဆောက်အဦတွေ ပြိုကျပျက်စီးနိုင်။ 

-လမ်းတွေပျက်စီးရေမြုပ်၊ ကားရထား၊ သင်္ဘော လေယာဉ်ခရီးတွေ ရပ်နိုင်။ 

-မီးလိုင်းရေလိုင်း ဖုန်းလိုင်းတွေ ပြတ်နိုင်။ 

-ကောလာဟလပျံ့နှံ့၊ လုယက်ခိုးဆိုးနှိုက်၊​  ရုန်းရင်းဆန်ခတ်ဖြစ်နိုင်။ အစာရိက္ခာ ပြတ်လတ်နိုင်​။ 

-အအေးမိ၊ ဖျားနာ၊  ရေကတဆင့်ကူးစက်ရောဂါဖြစ်နိုင်။ 

-ကိုယ်စိတ်ပင်ပန်း၊ အိပ်ပျက်စားပျက် ဖြစ်နိုင်။ 

မုန်တိုင်းအတွင်း သတိထားပြင်ဆင်သင့်တာတွေ

-အားပြည့်အောင် စားသောက်သင့်။ အခြေအနေပေးတိုင်း လဲလျောင်း အိပ်စက်အနားယူသင့်။ 

-ရေဒီယို၊ မီးခြစ်၊ ဓာတ်မီး၊ ဘက်ထရီ၊ ဓာတ်ခဲ၊ ရေလုံအိတ်၊ အရေးပေါ်ဆေးအိတ်၊ ဂျာကင်၊ မိုးကာ၊ထီး၊ ဦးထုပ်၊ သောက်ရေ၊  စည်သွပ်ဘူး၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်၊ ဖျားနာသောက် ဆေးဝါးတွေ ဆောင်ထားသင့်။ 

-ကိုယ့်သွေးအမျိုးအစား။  ဆေးမတည့် Allergies ရှိရင် ဖေါ်ပြထားတဲ့ ကတ်ပြား၊ ID ကတ်၊ မှတ်ပုံတင်၊ ပတ်စ်ပို့၊  မြေပုံ ဆောင်ထားပါ။ 

-ရှေးဦသူနာပြုစုနည်းကို လေ့လာထားသင့်။  

-ဘက်ထရီချွေတာပြီး ဖုန်းကို အမြဲဖွင့်မထားသင့်။  

-အပိုဘက်ထရီဆောင် GPS location service ဖွင့်ထားသင့်။ 

-အရေးပေါ်၊ ကြက်ခြေနီ၊ မီးသတ်၊​ ဆေးရုံဆေးခန်း ဖုန်းနံပါတ်တွေမှတ်ထားသင့်။၊

-အုပ်စုဖွဲ့သွားလာ မိသားစုနှင့် အဆက်မပြတ်သင့်။ 

အရေးပေါ်ထွက်ပေါက်လမ်းကြောင်း ကြိုတင်လေ့လာထားသင့်။  

-ယာယီခိုလှုံစရာနေရာကုန်းမြင့်နေရာ၊  စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနေရာများ မှတ်ထားသင့်။    

-ရေဒီယို တီဗွီမှတဆင့် မုန်တိုင်းအကြောင်းနားစွင့်ထားသင့်။ မျက်စိဖွင့် နားစွင့် သတိရှိနေထိုင်သင့်။

4 mins Ago
Up