close

ပြင်သစ်ကုမ္ပဏီ

close

March 24, 2022

ပြင်သစ်ကုမ္ပဏီများ ရုရှားဈေးကွက်မှ ထွက်ရန် ယူကရိန်းသမ္မတ တိုက်တွန်း

ကားထုတ်လုပ်တဲ့ကုမ္ပဏီ ရေးနိုးနဲ့ လက်လီအရောင်းလုပ်ငန်းကြီး အူရှန်း အပါအဝင်  ပြင်သစ်ကုမ္ပဏီတွေ ရုရှားဈေးကွက်ကနေ ထွက်ရမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက မတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ရေးနိုး၊ အူရှန်း၊ လေရွိုင်မယ်လင်တို့ဟာ ရုရှားစစ်ပစ္စည်းတွေ ပံ့ပိုးနေတာကို ရပ်ရမယ်၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်နေသူကို ဘဏ္ဍာငွေ ထောက်ပံ့တာ ရပ်ရမယ်လို့ ဇလန်းစကီးက ပြင်သစ်အမျိုးသားလွှတ်တော်ကို ရုပ်သံကနေတဆင့် ပြောတဲ့ မိန့်ခွန်းအတွင်း ပြောပါတယ်။

သူ့ရဲ့ သင်္ကေတဖြစ်တဲ့ ကာကီရောင်တီရှပ်ကို ဝတ်ရင်း ထိုင်နေတဲ့ ဇလန်းစကီးက မေတ္တာရပ်ခံအပြီးမှာ ပြင်သစ် လွှတ်တော်အမတ်တွေက မတ်တပ်ရပ်ပြီး ထောက်ခံအားပေးခဲ့ပါတယ်။

ဒါ့အပြင် ဇလန်းစကီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် တလနီးပါးကြာတဲ့ ယူကရိန်းစစ်ပွဲအတွင်း ဓားစာခံတွေကို တမိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။

12 hours Ago
Up