close

ပြင်သစ်စစ်ရေယာဉ်

close

December 26, 2021

ရေငုပ်သင်္ဘောဖျက် ပြင်သစ်စစ်ရေယာဉ် ယူကရိန်းသို့ ရောက်ရှိ

ရေငုပ်သင်္ဘောဖျက်တဲ့ ပြင်သစ် ဖရီးဂိတ်စစ်ရေယာဉ်  ‘အိုဗယ်ညာ’ (Auvergne) ဟာ Black Sea ပင်လယ်ရှိ ယူကရိန်းနိုင်ငံ အော်ဒဲဆာမြို့ဆိပ်ကမ်းကို ဆိုက်ရောက်လာတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းက နေတိုးအဖွဲ့ဝင် လျှောက်ထားတာနဲ့ပတ်သက်ပြီး အနောက်အုပ်စုနဲ့ ရုရှားတို့ကြား တင်းမာမှု မြင့်တက်နေချိန်မှာ ပြင်သစ်ရေတပ်သင်္ဘောက ယူကရိန်းကို ဆိုက်ကပ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ ရုရှားတပ်တွေ ထောင်ချီပြီး တပ်ဖြန့်ချထားမှုကို ယူကရိန်းနဲ့ အနောက်အုပ်စုက စိုးရိမ်နေသလို၊ ရုရှားသမ္မတပူတင်က နေတိုးအဖွဲ့ထဲ ယူကရိန်း ဝင်လိုက်မှာကို စိုးရိမ်နေတာပါ။

ရုရှားဘက်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်မယ်ဆိုတာ ငြင်းဆန်လိုက်ပြီး နေတိုးတပ်ဖွဲ့ကသာ ယူကရိန်းမှာ တိုးချဲ့နေပြီး ရုရှားကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲပါတယ်။ သမ္မတပူတင်က ယူကရိန်းကို နေတိုးအောက် မထည့်ဘူးလို့ ကတိပေးရင် အမေရိကန်နဲ့ ချက်ချင်း ဆွေးနွေးမယ်လို့ ကြေညာထားပါတယ်။

2 mins Ago
Up