ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ ကျင့်သုံးဖို့ အစိုးရက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်အသစ်တွေကို ဆန့်ကျင်ပြီး သပိတ်မှောက်ဖို့ ဆရာများသမဂ္ဂက ဆော်ဩနေပါတယ်။
တကယ်လို့ ကျောင်းတွေမှာ အတန်းဖော်တယောက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရရင် ကျောင်းသားတွေက PCR နည်းနဲ့ စမ်းသပ်စစ်ဆေးမယ့်အစား ကိုယ်တိုင် စမ်းသပ်စစ်ဆေးတာကို ခွင့်ပြုမယ်လို့ အစိုးရက ဇန်နဝါရီ ၁၀ ရက်နေ့က ပြောခဲ့တာပါ။
အသစ်ကူးစက်ခံတွေ များလာတာနဲ့အမျှ ကျောင်းတွေမှာ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေဟာ ဝန်ပိလွန်းလာခဲ့ပါတယ်။
အိုမီခရွန်ဗီဇမျိုးကွဲကြောင့် ကူးစက်ခံဦးရေ တိုးလာခဲ့လို့ အရင်အပတ်က ပြင်သစ်က ကျောင်းတွေမှာ လုပ်ငန်းလည်ပတ်မှု တုံ့ဆိုင်းရင်း ပရမ်းပတာ ဖြစ်ခဲ့အပြီးမှာ အစိုးရက ဒီမူဝါဒကို ကြေညာခဲ့ပါတယ်။
ဒါပေမယ့် မူဝါဒအသစ်ဟာ အစိုးရအဖွဲ့အပေါ် ယုံကြည်မှု ကင်းမဲ့စေခဲ့တယ်လို့ ဆရာများသမဂ္ဂ နိုင်ငံအဆင့်အတွင်းရေးမှူး အဲလိဇဘက် အယ်လိန်း မိုရေနိုက ပြောပါတယ်။
ဒီသပိတ်ဟာလည်း အချိန်တော်တော် ကြာကြာအတွင်း အကြီးဆုံး လှုပ်ရှားမှု ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။
ကျောင်းတွေကို ဆက်ဖွင့်ခွင့်ပြုဖို့ လုပ်ဆောင်ချက်တွေကို မိတ်ဆက်မယ်လို့ ပြင်သစ်အစိုးရအဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။