ဘရာဇီးအသင်းနည်းပြချုပ်လျာထားစာရင်းမှာ ပြင်သစ်နည်းပြ ဇီဒန်းလည်းပါဝင်နေပါတယ်။ ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားအပြီးမှာ နည်းပြတက်တေနဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
နည်းပြသစ်ရာထူးအတွက် ဘရာဇီးလူမျိုးနည်းပြတွေအစား နိုင်ငံခြားသားနည်းပြကို ခန့်အပ်ဖို့ ဘရာဇီးအက်ဖ်အေက ဆုံးဖြတ်ထားကြေင်း ပြင်သစ်သတင်းစာ L’Equipe ကဖော်ပြပါတယ်။
ပြင်သစ်နည်းပြဇီဒန်းဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေ တာပါ။
ဘရာဇီးအက်ဖ်အေဟာ ဇီဒန်းကို ခန့်အပ်ဖို့ စိတ်ဝင်စားနေသလို အာဂျင်တီးနားနည်းပြပိုချက် တီနို၊ ဂျာမန်နည်းပြ တူခယ်နဲ့ စပိန်နည်းပြရာဖေးလ်ဘင်နီတက်ဇ်တို့ကိုလည်း အရန်အဖြစ် လျာ ထားတယ်လို့သိရပါတယ်။