close

ပြင်သစ်ရဲ

close

April 25, 2022

ပါရီတွင် ရပ်မပေးသည့်ကားကို ပြင်သစ်ရဲများ ပစ်ခတ်၊ ၂ ဦး သေဆုံး

ပြင်သစ်မြို့တော် ပါရီမြို့လယ်မှာ ဧပြီ ၂၄ ရက် အစောပိုင်းက တားဆီးတာကို ရပ်မပေးတဲ့ ကားကို ရဲအရာရှိတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ကားက ရဲအရာရှိတွေဆီကို ဦးတည်မောင်းခဲ့ပြီး ယာဉ်ကြော ပြောင်းပြန်လည်း မောင်းခဲ့တယ်လို့ မီဒီယာက ဖော်ပြထားပါတယ်။

ပါရီရဲ့ သက်တမ်းအရှည်ဆုံး တံတားပေါ်မှာ ပြင်သစ်ရွေးကောက်ပွဲညက ပစ်ခတ်ခဲ့တာပါ။

တံတားပေါ်မှာ ရဲအရာရှိတွေနဲ့ အရေးပေါ်ဌာန ကားတွေ ဒါဇင်ချီကို တွေ့ရပြီး တံတားကိုတော့ လုံခြုံရေးအတွက် ပိတ်ထားပါတယ်။

6 mins Ago

November 28, 2020

လူမည်း ၁ ဦးအား ပြင်သစ်ရဲများ ဝိုင်းဝန်းထိုးကြိတ်ခဲ့မှု စောင့်ကြည့်ရေးအဖွဲ့ စုံစမ်း

ပြင်သစ်နိုင်ငံမှာ နှာခေါင်းစည်းမတပ်ဘဲ  အပြင်ထွက်တဲ့ လူမည်း ဂီတပရိုဂျူဆာ တယောက်ကို ရဲတွေက ဝိုင်းထိုးကြိတ်ပြီး လူမျိုးရေးအရ ဆဲဆိုတဲ့ဖြစ်ရပ်အပေါ် စုံစမ်းနေတယ်လို့  IGPN  ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်မှာ ပြောဆိုပါတယ်။  အဲဒီဖြစ်ရပ်ကို စီစီတီဗွီကင်မရာနဲ့ မိုဘိုင်းဖုန်းကနေ မှတ်တမ်းတင်ထားခဲ့ပြီး  ဗွီဒီယိုကို  LoopSider သတင်းဌာနက ရရှိခဲ့ပါတယ်။  သူ့ကိုယ်သူ မီရှယ်လို့ပဲ ဖော်ပြခဲ့တဲ့ ထိုးကြိတ်ခံရသူက သူဟာ  နိုဝင်ဘာလ ၂၁ ရက်က ပဲရစ်မြို့မှာ  ကိုဗစ်စည်းကမ်းချိုးဖောက်ပြိး နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်ခဲ့တယ်လို့ ပြောဆိုပါတယ်။  အဲဒီနောက် ရဲကားကို တွေ့တော့ ဒဏ်တပ်ခံရမှာစိုးပြီး သူ့စတူဒီယိုအတွင်း ပြေးဝင်ခဲ့တယ်လို့  မီရှယ်က ဆိုပါတယ်။  ဒါပေမဲ့လည်း ရဲတွေက စတူဒီယိုထဲအထိ နောက်ကလိုက်လာပြီး သူ့ကို ထိုးကြိတ်ဆဲဆိုခဲ့တယ်လို့ မီရှယ်က ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ရဲတွေကို တရားဝင်အမှုဖွင့်သွားမယ်လို့  မီရှယ်ရဲ့ ရှေ့နေက ပြောဆိုပါတယ်။  ဒီသီတင်းပတ်အစောပိုင်းကလည်း ရွှေ့ပြောင်းလာသူတွေရဲ့ ဆန္ဒပြပွဲတွေကို ရှင်းလင်းရာကနေ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ပြင်သစ်ရဲတပ်ဖွဲ့ဟာ ဝေဖန်ခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up