close

ပြင်သစ်သမ္မတ မက်ခရွန်း

close

April 11, 2022

ပြင်သစ်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတမက်ခရွန်း ထိပ်ဆုံးကပြေးနေ

ဧပြီ ၁၁ ရက်က စတင်ခဲ့တဲ့ ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲ ပထမအကျော့ယှဉ်ပြိုင်မှုမှာ လက်ရှိသမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ လက်ယာစွန်းဝါဒီ မာရင်းလီပန်းတို့က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

မက်ခရွန်က ၂၈ ဒသမ ၁ နဲ့ ၂၉ ဒသမ ၅ ရာခိုင်နှုန်းကြားရရှိနေပြီး မစ္စလီပန်းက ၂၃ ဒသမ ၃ နဲ့ ၂၄ ဒသမ ၄ ရာခိုင်နှုန်း ရရှိနေတာပါ။

ဧပြီ ၂၄ ရက်အထိ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၂ ယောက်  ပါဝင်ယှဉ်ပြိုင်ပေမဲ့ ရှေ့ဆုံးကဦးဆောင်နေတာ မက်ခရွန်နဲ့ လီပန်းတို့နှစ်ဦးပါ။

မာခရွန်က  လစ်ဘရယ်စီးပွားရေးအယူဝါဒ ကိုင်ထားတဲ့ ဂလိုဘယ်ဝါဒီပါ၊ မစ္စလီပန်းက ဥရောပသမဂ္ဂနဲ့ စီးပွားရေးပူးပေါင်းမှုကို သံသယကြီးတဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီဖြစ်ပြီး ရုရှားသမ္မတပူတင်ကို ထောက်ခံသူပါ။

တတိယနေရာက လိုက်နေတဲ့ လက်ဝဲစွန်းဝါဒီ ယန်လုစ်မန်လန်ရှန်က ၂၀ ရာခိုင်နှုန်းပဲ ရရှိတာကြောင့် သူ့ကို ထောက်ခံသူတွေ စိတ်ဓာတ်ကျနေပါတယ်။

မန်လန်ရှန်က ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်ပြီး သူ့ အရှုံးကို လက်ခံနိုင်တယ်၊ ဒါပေမဲ့ ပူတင်ကို ထောက်ခံနေတဲ့ အမျိုးသားရေးဝါဒီ မစ္စလီပန်းကိုတော့ တမဲမှ မပေးကြနဲ့လို့ စည်းရုံးပြောဆိုနေတာပါ။

အခုနှစ် ပြင်သစ်ရွေးကောက်ပွဲမှာ ယူကရိန်းပဋိပက္ခက လစ်ဘရယ်ဝါဒီ၊ လက်ယာစွန်းဝါဒီ၊ လက်ဝဲစွန်းဝါဒီ ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်တွေအပေါ် အများကြီး ရိုက်ခတ်နေတာပါ။

54 seconds Ago
Up