close

ပြင်းထန်သည့် ပေါက်ကွဲမှု

close

April 24, 2022

မြဝတီမြို့၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိပ်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) ထိပ်မှာ ဧပြီ ၂၃ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ မိနစ် ၂၀ လောက်က အပြင်းစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ 

ပေါက်ကွဲမှုကြောင့် တံတားအနီးနားမှာရှိတဲ့ ကားနဲ့ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့သလို နေအိမ်တချို့လည်း ပြတင်းတံခါးမှန်တွေကွဲ ထိခိုက်ပျက်စီးသွား ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက် သေဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ အသံကို မြဝတီတမြို့လုံးနဲ့  နယ်ခြားတဘက်ကမ်း  ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေလည်း ကြားသိရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ်မသိရသေးသလို ဘယ်သူ့လက်ချက်လဲဆိုတာကိုလည်း ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဒီကာလမှာ စစ်ကောင်စီတပ်တွေကို မတိုက်ခိုက်ဖို့ ကြေညာပြီး နောက်တနေ့မှာ အခုလို မြဝတီမြို့မှာ အပြင်းစားတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

Photo Credit -

1 min Ago
Up