close

ပြည်ကြီးတံခွန် မြို့မရဲစခန်း

close

January 10, 2022

ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း မီးလောင်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်း မြဝတီမင်းကြီးလမ်းနဲ့ ၁၁၅ လမ်းကြားရှိ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ ဇန်နဝါရီ ၁၀ ရက်၊ မနက် ၅ နာရီခွဲလောက်က မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ရဲစခန်း မြေညီထပ်ရှိ နယ်ထိန်းခေါင်း​ဆောင်ရုံးခန်းမှာ Computer System ပုံး ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းတာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့်ရုံးခန်းအတွင်းရှိ ကွန်ပျူတာတစ်လုံး၊ ပြတင်းပေါက်မှန်တွေ၊ စာရွက်စာတမ်းတွေနဲ့ စခန်းမှူးရုံးခန်းပြတင်းပေါက်တွေ မီးလောင်ခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄ သိန်းဖိုးလောက်ရှိတယ်လို့  မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မီးလောင်မှုနဲ့ပတ်သတ်လို့ နယ်ထိန်းမှတ်တမ်းတာဝန်ကျတဲ့ ရဲတပ်သားကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

29 seconds Ago

May 23, 2021

ပြည်ကြီးတံခွန် မြို့မရဲစခန်းပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုများ ပြုလုပ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းအနီး သံလမ်းပတ်ဝန်းကျင်မှာ မေ ၂၂ ရက် ည ၈ နာရီကျော်လောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်နက်ကိုင်အဖွဲ့တွေက ပစ်ခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၆၂ လမ်းဝန်းကျင်မှာ ဗုံးပေါက်သံကြားပြီးနောက် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ တရစပ်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ အနီးအနား ပတ်ဝန်းကျင် နေထိုင်သူတဦးက ပြောပါတယ်။

“၆၂ လမ်း၊ ၆၈ လမ်းတွေမှာ ကြားရတာပဲ။ ခြောက်လှန့်ပစ်တာလား အပြန်အလှန် ပစ်တာလား မသိရဘူး။ ညမထွက်ရက ၁၀ နာရီဆိုပေမယ့် ၈ နာရီလောက်ကတည်းက လူတွေ ရှင်းနေတော့ အကြောင်းအရင်းအတိအကျကို မသိရဘူး။ ပစ်တာကတော့ ဆက်တိုက်ပဲ။” 

လွန်ခဲ့တဲ့ရက်ပိုင်းက ၆၂ လမ်းက ဘီယာဆိုင်ရှေ့ ဗုံးပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ အရပ်ဝတ်တွေနဲ့ လှည့်လည်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

8 months Ago
Up