close

ပြည်ခရိုင်

close

August 15, 2022

ပြည်ခရိုင်တွင် စားအုံးဆီလိုက်လံရောင်းချနေသဖြင့် ဒေသခံများ တန်းစီဝယ်ယူနေကြ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နဲ့ ပေါက်ခေါင်းမြို့တို့မှာ ပြည်ခရိုင် FDA နဲ့ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအဖွဲ့က အခုရက်ပိုင်းအတွင်း စားအုံးဆီတွေ လိုက်လံရောင်းချနေတာကြောင့် ဒေသခံတွေ တန်းစီးဝယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေတောင်မြို့မှာတော့ ဩဂုတ် ၁၄ ရက်နေ့မနက်က လိုက်လံရောင်းချနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

‘“ရွှေတောင်မြို့မှာတော့ လူတန်းကြီးကအရှည်ကြီးပဲ။ ဘယ်အချိန်ကထပြီး တန်းစီနေလဲတော့မသိဘူး။ တယောက်ကို ဆီ ၂ ဘူးပဲ ရောင်းတယ်၊ ၂ ဘူးကို ၁ ပိဿာလောက်ရှိတယ်။ ၂ ဘူးကို ၁ ပိဿာ ၄၀၀၀ ကျပ်နဲ့ဆိုတော့ တန်းဆီကြတာပေါ့။ တချို့တွေဆို ၂ ခေါက်၊ ၃ ခေါက်လောက်အထိ ပြန်ပြန်စီကြတာ၊ ဘာမှတော့မပြောကြပါဘူး။ သူတို့က ရွှေတောင်စည်ပင်သာယာစျေးအနီး ပြည်တန်းလမ်း၊ ယွန်းတန်းရပ်ကွက်မှာ လာရောင်းတာ ကား ၂ စီးနဲ့။ ကားတစီးကို ပိဿာ ၆၆၀ ပါတယ်လို့ ကြားတာပဲ၊ အကုန်ရောင်းမရောင်းတော့မသိပါဘူး။ အပြင်မှာက စားအုံးဆီ တပိဿာကို ၉၀၀၀ ကျော်တယ်၊ အဲ့ဒီဆီက  အမြင်တော့  အဲဒီလောက်မသန့်ဘူးဆိုတော့ ၀ယ်ကြတာပေါ့။ အရင်ကတော့ အခုလို တခါမှလာမရောင်းဖူးပါဘူး။” 

ပေါက်ခေါင်းမြို့မှာတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က ဘာမှ ကြိုတင်မကြေညာဘဲ လာရောင်းတော့ အနီးအနားက လူတွေပဲရကြတယ်လို့ မြို့နေဒေသခံတယောက်က ပြောပါတယ်။ 

“နေ့ခင်း ၁၂ နာရီလောက်က စလာရောင်းတာ။ ပထမ တော့ တယောက်ကို တပိဿာ ၃၈၅၀ ကျပ်နဲ့ ရောင်းတာ၊ ၁ နာရီလောက်ကြတော့ တယောက်ကို ၅၀ သားပဲ ရတော့မယ်ဆိုပြီး ရောင်းတယ်၊ နောက် ကုန်ပြီဆိုပြီးရပ်လိုက်တယ်။ ကျနော်တောင်မရခဲ့ပါဘူး၊ လာ၀ယ်တဲ့ လူတန်းကြီးက  ပေါက်ခေါင်းမြို့ စျေးရှေ့ကနေ ဗိုလ်ချုပ်ကျောက်ရုပ်ထိအောင် တန်းစီပြီး ၀ယ်ကြတာ။ မရလိုက်တာလည်း ကောင်းပါတယ်၊ အခု အဲ့ဒီဆီစားပြီး ရင်တွေကျပ်နေကြလို့ဆိုပြီး ပြောနေကြတာ။ မရတာပဲ ခပ်ကောင်းကောင်းရယ်။”

မြန်မာနိုင်ငံစားသုံးသူရေးရာ ဦးစီးဌာနက ဩဂုတ် ၁၅ ရက်နေ့ကနေ ဩဂုတ် ၂၁ ရက်နေ့အထိ စားအုံးဆီတပိဿာကို ၄၁၄၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ဈေးနှုန်းမြင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆာင်မှုဥပေဒအရ အရေးယူသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

15 mins Ago

September 9, 2021

ပြည်ခရိုင်အတွင်း ကျေးရွာ ၁ ရွာလျှင် လူငယ် ၃၀ ပေးရန် စစ်ကောင်စီက တောင်းခံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ကျေးရွာတချို့မှာ ဒေသခံလူငယ်ယောကျ်ားလေး ၁ ရွာကို အယောက် ၃၀ ပေးဖို့ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကတဆင့် အကြမ်းဖက်စစ်ကောင်စီက တောင်းခံနေတယ်လို့ သိရပါတယ်။

သဲကုန်းမြို့နယ်ထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတဦးက “စစ်ကောင်စီက ရွာထဲက လူငယ်တွေပေးဖို့ တောင်းနေတာ။ တရွာကို လူငယ်ယောကျာ်းလေး အယောက် ၃၀ ပေးရမယ်လို့ပြောတာ။ တချို့ကျေးရွာတွေမှာဆိုရင် လူငယ်တွေပေါ်တာဆွဲခံရနေတယ်လို့ ကြားနေရတယ်” လို့ ပြောပါတယ်။

ပြည်ခရိုင်ထဲက ရွှေတောင်မြို့နယ်နဲ့ သဲကုန်းမြို့နယ်ဘက်က ကျေးရွာတချို့ကလူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

11 months Ago
Up