close

ပြည်တွင်းလုပ်

close

February 10, 2022

အီရန်က ပြည်တွင်းလုပ် ဒုံးကျည် ၁ စင်း ပစ်လွှတ်

အီရန်အစိုးရနဲ့ အမေရိကန်အစိုးရတို့ကြား နျူကလီးယားဆွေးနွေးမှု ပြန်လည်စတင်နေပြီး ၁ ရက်အကြာမှာ အီရန်က ပြည်တွင်းလုပ် ဒုံးကျည်တစင်းကို ကီလိုမီတာ ၁၄၅၀ အကွာအဝေးထိ  ပစ်လွှတ်ခဲ့ပါတယ်။

အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ  အဆင့်မြင့်ဒုံးကျည် ထုတ်လုပ်တဲ့နိုင်ငံပါ။ သူ့ရဲ့ တိုက်ချင်းပစ်ဒုံးကျည်က ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀) အကွာဝေးထိ ပစ်လွှတ်နိုင်ပြီး၊ အစ္စရေးနဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို ရောက်ရှိနိုင်တယ်လို့ ကြေညာထားတာပါ။

အခုပစ်လွှတ်လိုက်တဲ့ ဒုံးကျည်သစ်ကို ခိုင်ဘာ ဒုံးကျည်လို့ နာမည်ပေးထားပြီး၊ ၇ ရာစုက ဂျူးတို့ပိုင်ဆိုင်တဲ့ ခိုင်ဘာဒေသကို မွတ်ဆလင်စစ်သူရဲကောင်းတွေ သိမ်းပိုက်ခဲ့မှုကို အစွဲပြုပြီး အမည်ပေးတာလို့ နိုင်ငံပိုင်ရုပ်သံ က ပြောပါတယ်။

အီရန်အစိုးရက အမေရိကန်နဲ့ အစ္စရေးကို ကာကွယ်ဖို့အတွက် အဆင့်မြင့်ဒုံးကျည် များများထုတ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ခံယူထားတာပါ။ 

တိုက်ချင်းပစ်ဒုံးကျည်စီမံကိန်း ရပ်ဆိုင်းဖို့ကို အနောက်အုပ်စုက တောင်းဆိုပေမဲ့ အီရန်က အမြဲငြင်းဆန်ပါတယ်။

54 seconds Ago
Up