close

ပြည်ထောင်စုနေ့

close

February 9, 2023

ရန်ကုန်တွင် ပြည်ထောင်စုနေ့အတွက် စစ်ကောင်စီ ပြင်ဆင်၊ မြေနီကုန်းတံတားပိတ်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့

ရန်ကုန်မြို့မှာ ပြည်ထောင်စုနေ့ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင်တဲ့အနေနဲ့ မြေနီကုန်းတံတား ဖြတ်သန်းခွင့်ပိတ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဝါးစွာ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လာမယ့် ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပဖို့ စီစဉ်နေပြီး ပြည်လမ်းတလျှောက်မှာ တိုင်းရင်းသားအလံတွေကိုလည်း စိုက်ထူထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမှာဖြစ်တဲ့အတွက် ပြည်လမ်း၊ မြေနီကုန်းတံတားကိုလည်း ပိတ်ထားUM တခြား သတ်မှတ်ပေးထားတဲ့ နေရာတွေက မောင်းနှင်ဖို့ ကြေညာထားပါတယ်။

ပြည်ထောင်စုနေ့ဟာ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမဲ့ မြေနီကုန်းတံတားကိုတော့ သတ်မှတ်မတိုင်မီ ဒီနေ့ ၉ ရက်နေ့ကတည်းက ဖြတ်သန်းခွင့်ပိတ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွာရွား ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီဟာ လွတ်လပ်ရေးနေ့ မတိုင်ခင်ကလည်း တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားပြု အလံတွေကို စိုက်ထူခဲ့ပါသေးတယ်။

12 hours Ago

February 14, 2022

ဘိုကလေးတွင် ပြည်ထောင်စုနေ့ပွဲတက်ရောက်သူ ၄ ဦး ကိုဗစ်ပိုးတွေ့

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ခဲ့တဲ့  ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ပြည်ထောင်စုနေ့ပွဲကျင်းပတဲ့ ကွင်းထဲ မူးလဲခဲ့တဲ့ ပညာရေးကောလိပ် ကျောင်းသူကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်ရောဂါ  ရှိ မရှိ စစ်ဆေးချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ သူတို့နဲ့အတူ ပွဲတက်ခဲ့တဲ့ ဒေသခံတယောက်က ပြောပါတယ်။

"ကွင်းထဲမှာ ဗြောက်အိုးဖောက်တော့ မူးလဲသွားတာ၊ ဆေးရုံကိုပို့တော့ ကိုဗစ်တွေ့တာ။ ပါမောက္ခဆရာနဲ့ လိုက်ပို့ပေးတဲ့ ကြက်ခြေနီ နှစ်ယောက်မှာပါတွေ့တာ။ ခုတော့အားလုံး ဆေးရုံမှာရှိသေးတယ်။”

ဘိုကလေးမြို့မှာ ပြည်ထောင်စုနေ့ပွဲကို လူအင်အား ၅၀၀ ကျော်တက်ရောက်ခဲ့တာကြောင့် ကိုဗစ် ရောဂါပိုမိုပျံ့နှံ့လာမှာကို မြို့ခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိုကလေးမြို့မှာ ပွဲလမ်းသဘင်တွေကို စစ်ကောင်စီအရာရှိနဲ့ အုပ်ချုပ်ရေးမှူးတွေက ခွင့်ပြုပေးနေတာကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းစတင်ကာ ကိုဗစ် အတည်ပြုလူနာ ၈၀ နီးပါးရှိလာသလို  ၂ ယောက် သေဆုံးထားတယ်လို့ ဆေးရုံမှတ်တမ်းတွေအရ သိရပါတယ်။

12 months Ago
Up