close

ပြည်ပြေးလွှတ်တော်

close

April 20, 2022

ယီမင်နိုင်ငံတွင် သမ္မတဦးဆောင်သည့်ကောင်စီအသစ် ကျမ်းကျိန်

ယီမင်နိုင်ငံမှာ သမ္မတ ဦးဆောင်တဲ့ ကောင်စီအသစ်ကို နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ယာယီမြို့တော် အေဒင်က ပြည်ပြေး လွှတ်တော်အစည်းအဝေးအတွင်း ဧပြီ ၁၉ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။

အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီတွေကတဖက်၊ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တွေက ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရက တဖက်၊ စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံအတွင်း ဒီအခမ်းအနားကို နိုင်ငံခြားသံအမတ်ကြီးတွေ၊ အမေရိကန်နဲ့ ကုလသမဂ္ဂ သံတမန်တွေလည်း တက်ရောက်ပါတယ်။

ဒီကောင်စီကို ၂၀၀၃ ခုနှစ်က နောက်ဆုံး ရွေးကောက်တင်မြှောက်ခဲ့တာပါ။ ခုလည်း ဒီကောင်စီကို ရာရှက်ဒ် အယ်လ် အလီမီက ဦးဆောင်ပြီး တခြားကောင်စီဝင်တွေနဲ့အတူ လွှတ်တော်အမတ်တွေရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုကြပါတယ်။

ရိယာ့ဒ်မြို့အခြေစိုက် သမ္မတ အဘ်ဒယ် ရာဘူ မန်ဆော် ဟာဒီက ကောင်စီကို အာဏာလွှဲခဲ့ပြီး သူ့ရဲ့လက်ထောက်ကိုတော့ ဧပြီလ အစောပိုင်းက ထုတ်ပယ်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ အစိုးရကတော့ ဟူသီအုပ်စု ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ကို အားဖြည့်ဖို့ ကြိုးစားနေပြီး ကုလသမဂ္ဂကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ ကြိုးစားနေပါတယ်။

1 min Ago
Up