close

ပြည်ဝင်ခွင့်ပိတ်

close

July 14, 2021

မြန်မာနိုင်ငံမှ လာရောက်မည့် ခရီးသွားများကို စင်ကာပူ ပြည်ဝင်ခွင့်ပိတ်

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကနေ လာရောက်ကြမယ့် ခရီးသွားတွေကို စင်ကာပူနိုင်ငံက ဇူလိုင် ၁၅ ရက်ကစတင်ကာ ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီလို့ စစ်ကာပူအခြေစိုက် The Straits Times သတင်းစာမှာ ဖော်ပြပါတယ်။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ကာလရှည်၊ ကာလတို ခရီးသွားလက်မှတ်ကိုင်ဆောင်သူတွေ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူတွေအားလုံးကို ခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“မူလက စင်ကာပူနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုချက် ရရှိထားသူတွေအားလုံးလည်း ဒီကန့်သတ်ချက်နဲ့ သက်ဆိုင်ပါတယ်”

မကြာသေးခင်က မြန်မာနိုင်ငံကို ခရီးသွားရာဇဝင်ရှိထားသူတွေအားလုံးဟာ စင်ကာပူနိုင်ငံကို ရောက်တာနဲ့ ကိုဗစ်-၁၉  စစ်ဆေးမှုခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုမှာတော့ နိုင်ငံတွင်း ရောက်ရှိပြီး ၃ ရက်၊ ၇ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ရယူသွားမှာဖြစ်ကာ ဒုတိယတကြိမ် ပီစီအာရ်စစ်ဆေးမှုကိုတော့ ၁၄ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ခရီးသွားတွေဆီက ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ဆက်လက်ရှိမလာစေရေးအတွက် ဝန်ကြီးဌာနပေါင်းစုံက နယ်စပ်ပြည်ဝင်ခွင့်ပေးရေးနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေ ပုံမှန်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံတွေမှာ (ကိုဗစ်-၁၉) ကူးစက်ပြန့်ပွားမှုအခြေအနေအလိုက် စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံတွင်းဝင်ရောက်ခွင့်ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

နိုင်ငံတွင်း ဝင်ရောက်ခွင့်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတစုံတရာရှိပါက SafeTravel ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့ ဆိုပါတယ်။

8 mins Ago

July 22, 2020

တရုတ်ကွန်မြူနစ်ပါတီဝင်များနှင့် မိသားစုများကို အမေရိကန် ပြည်ဝင်ခွင့်ပိတ်ရန် စီစဉ်

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ အဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို အမေရိကန်ပြည်ဝင်ခွ့င်ပိတ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချွေးထျန်းခိုင်က ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွင်းက တကယ့်အခြေအနေနဲ့ သမိုင်းကြောင်းကို တချို့လူတွေက လျစ်လျူရှုထားမှုကနေ အမြစ်တွယ်လာတာလို့လည်း သူက ပြောပါတယ်။ အမေရိကန်အစိုးရဟာ CPC ပါတီခေါင်းဆောင်တွေနဲ့ သူတို့မိသားစုတွေကို ပြည်ဝင်ခွင့် ပိတ်ဖို့ စဉ်းစားနေတယ်လို့ နယူးယောက်တိုင်းမ်စ်သတင်းစာက ပြီးခဲ့တဲ့အပတ်ကပဲ ဖော်ပြခဲ့တာပါ။  ဒါပေမဲ့ စီစီတီဗွီရုပ်သံနဲ့ အင်တာဗျူးမှာ သံအမတ်ကြီးက အမေရိကန်က လူတော်တော်များများဟာ CPC ပါတီကို အထင်လွဲနေကြတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ရဲ့ တကယ့်သမိုင်းကို သူတို့ တကယ်မသိကြလို့ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ အတားအဆီးရှိလည်း တရုတ်ပြည်အနေနဲ့ လမ်းကြောင်းမှန်အတိုင်း ဆက်သွားမယ်လို့ သံအမတ်ကြီးက ပြောတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
12 months Ago
Up