close

ပြည်သူကို တောင်းပန်

close

July 22, 2021

ကိုဗစ်ကာကွယ်ဆေး အမြန်မစီစဉ်ပေးနိုင်သဖြင့် သြစတြေးလျဝန်ကြီးချုပ်က ပြည်သူကို တောင်းပန်

သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အလျင်အမြန် မစီစဉ်ပေးနိုင်သေးတဲ့အတွက် ပြည်သူလူထုကို တောင်းပန်လိုက်ပါတယ်။

လောလောဆယ်မှာ သြစတြေးလျနိုင်ငံမှာ လူဦးရေ ၂၅ သန်းလောက် လော့ဒေါင်း စည်းကမ်းချက်တွေနဲ့ နေထိုင်နေရပါတယ်။ ကပ်ဘေးကာလ တနှစ်ခွဲ ရှိလာပေမယ့် ပြည်သူတွေဟာ တင်းကျပ်တဲ့ လောဒေါင်း စည်းကမ်းတွေနဲ့ ဆက်လက် နေထိုင်နေရတဲ့အတွက် အစိုးရအပေါ် အပြစ်မြင်နေကြပြီး ဖက်ဒရယ် အစိုးရအပေါ် လူထုထောက်ခံမှုဟာ အနိမ့်ဆုံးအထိ ကျဆင်းနေပါတယ်။

သြစတြေးလျမှာ လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းပဲ ကာကွယ်ဆေးအပြီး ထိုးနှံထားပါတယ်။ အဓိက ထိုးပေးနေတဲ့ ကာကွယ်ဆေး နှစ်မျိုးထဲက သြစတာဇန်နီကာ ဆေးက အသက် ၆၀ ကျော်အတွက် ဖြစ်ပြီး အကန့်အသတ်နဲ့ပဲရတဲ့ ဖိုင်ဇာ ကာကွယ်ဆေးကိုတော့ အသက် ၄၀ အထက် အရွယ်တွေကို ထိုးပေးနေပါတယ်။

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်စကော့ မော်ရစ်ဆင်က ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို သူ အပြည့်အ၀ တာဝန်ယူတဲ့အကြောင်းနဲ့ ဒီနှစ်ဆန်းပိုင်းလောက်က မှန်းထားသလို ဖြစ်မလာဘဲ နှေးကွေးနေသေးတဲ့အတွက် လေးလေးနက်နက် တောင်းပန်တဲ့အကြောင်း ပြောပါတယ်။

53 seconds Ago
Up