close

ပြည်သူနှင့်ပူးပေါင်း

close

August 20, 2021

ယင်းမာပင်က ရဲတပ်ကြပ် ၁ ဦး လက်နက်ဖြင့်ထွက်​​ပြေးလာပြီး ပြည်သူနှင့်ပူးပေါင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းက ရဲတပ်ကြပ်ကြီး မောင်သံဟာ သြဂုတ် ၂၀ ရက်မနက်ပိုင်းက လက်နက်နဲ့အတူ ထွက်​ပြေးလာပြီး ပြည်သူနဲ့အတူ ပူး​ပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ် PDF အဖွဲ့ဝင်တစ်​ယောက်က  "ဒီက​နေ့မနက် ၃ နာရီ​ခန့်က သူကိုင်​ဆောင်တဲ့ ​သေနတ်နဲ့အတူ မြို့နယ်ရဲစခန်းက​နေ ထွက်​​ပြေးလာတာဟုတ်တယ်။” လို့ ​ပြောပါတယ်။

အဲဒီတပ်ကြပ်ကြီးဟာ မြို့နယ်ရဲစခန်းမှာ​ အမှုတွဲ​တာဝန်​ပိုင်း​တွေ ထမ်း​ဆောင်​နေသူဖြစ်ပြီး လက်ရှိမှာတော့ CDM ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

3 mins Ago
Up