close

ပြည်သူပိုင်ပစ္စည်း

close

December 15, 2022

ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်တပ်က ပြည်သူပိုင်ငွေနှင့် ပစ္စည်းများအဓမ္မယူဆောင်၊ ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး ပြည်သူပိုင်ငွေကြေးနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်တာနဲ့ ကျန်ရှိပစ္စည်းတွေကို ဖျက်ဆီးခဲ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့(စကခ- ၁၃) စကခမှူး မျိုးဆက်အောင်၊ လက်အောက်ခံ(နဗဟ-၂) နဗဟမှူး ကိုကိုထက်နဲ့ (ခမရ-၅၆၁) ဒုတပ်ရင်းမှူး ရန်အောင်ဦးဆောင်ပြီး (ခမရ-၃၃၉) တပ်ရင်းစစ်ကြောင်းနဲ့အတူ ကွီးလုံးတိုင်တပ်စခန်းကို ရိက္ခာလာရောက်ပို့ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ကြယ်ဖလဲကျေးရွာကိုသွားရောက်ပြီး ဒေသခံရွာသား စောခလို့ဖိုးကိရဲ့ နေအိမ်ကနေ ဆိုလာပြား ၂ ချပ်၊ မြတ်ရိတ်စက်တခု ၊   ထိုင်းဘတ်ငွေ ၂၅၀၀ ကို အဓမ္မ လုယူသွားပြီး ဒယ်အိုး ၄ လုံးနဲ့  ဆန်ပုံး ၃ ပုံးကို  ဖျက်စီးခဲ့ပါတယ်။

ဒေသခံရွာသား တဦးက “ရွာမှာက အဲဒီကောင်တွေလာရင် ဘယ်သူမှမနေရဲဘူး။ လူမရှိတဲ့အချိန် သူတို့စိတ်တိုင်းကျယူတယ်။ ပြီးရင်ဖျက်ဆီးတယ်။ အခု စကခမှူး နဗဟမှူးတွေကိုယ်တိုင်က ပြည်သူပိုင်ပစ္စည်းခိုးယူတဲ့နေရာမှာ ကြံရာပါတွေ။ ဘယ်လောက်အခြေအနေဆိုးလဲဆို ခိုးမှစားရတဲ့ကောင်တွေ။ ပြီးရင် ရွာတွေပါမီးရှို့တဲ့ အဖျက်အမှောင်စစ်တပ်”လို့ ပြောပါတယ်”

ဒါအပြင် စစ်ကောင်စီတပ်တွေဟာ တကုခီးကျေးရွာကိုပါဝင်ရောက်ပြီး ဒေသခံရွာသား စောဘလူမှူးရဲ့ VIVO ဖုန်းလုံး၊ စော‌ဒေးဒေးစိုးရဲ့ VIVO ဖုန်း တလုံး၊ စောတာကလို့ရဲ့ VIVO ဖုန်းတလုံး၊ စောထီးမှူးစျေးဆိုင်ကနေ ကာလတန်ဖိုး မြန်မာငွေကျပ် ၁၆၀၀၀၀ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုပါ အတင်းအဓမ္မယူဆောင်သွားခဲ့ပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီလောက်ကလည်း ဆိပ်ကြီးဗျူဟာမှူး အောင်မျိုးထွန်း ဦးဆောင်ပြီး ခလရ-၃၂ တပ်စခန်းကနေ (၁၂၀မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကာလီခီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီး  ဒေသခံနေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ကော့ကရိတ်အမြာက်တပ်က တောင်ကြာအင်းစံပြကျေးရွာအတွင်းကို လက်နက်ကြီး (၁၅၀ မမ)နဲ့ ပစ်ခတ်ခဲ့လို့ တောင်ကြာအင်းဆေးရုံကုန်းနဲ့ ဒေသခံနေအိမ် ၂ လုံးပေါ်ကျရောက်ပေါက်ကွဲ မီးလောင်ပျက်စီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

5 mins Ago

March 10, 2022

သံတောင်ကြီးတွင် စစ်တပ်က ရွာသား ၁ ဦးကို ပစ်သတ်ပြီး ပြည်သူပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကဆောပလိုအောက်ကျေးရွာမှာ မတ် ၈ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းထဲ ဝင်ရောက်ပြီး ရွာသားတဦးကို ပစ်သတ်ခဲ့သလို ကက်သလစ်ဘုရားကျောင်းပိုင် ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် လစာနဲ့ ရိက္ခာ ပို့လာတဲ့ ကား ၅ စီးဟာ သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာ အကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် အခုလို လုပ်ဆောင်တာလို့ ဒေသခံ ကျေးရွာသားတွေက ဆိုပါတယ်။
ဒေသခံကျေးရွာသားတဦးက "သူတို့ကားကို အမည်မသိ အဖွဲ့အစည်းက ကြားဖြတ်တိုက်လို့ သူတို့လူ ၃ ယောက်သေပြီး ဒဏ်ရာရကြတယ် ကြားတယ်။ အဲဒါကို မကျေနပ်လို့ ရွာထဲဝင်လာပြီး မစုံစမ်း မမေးမြန်းဘဲ အပြစ်မရှိတဲ့ ရွာသားတဦးကို ပစ်သတ်လိုက်တယ်။ ဘုရားကျောင်းပစ္စည်းတွေနဲ့ အိမ်တွေကို မီးရှို့သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကျေးရွာအတွင်း ဝင်ရောက်လာခဲ့တဲ့အတွက် ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ခံရမှာကို စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးပုန်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။
သံတောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေဟာ တပိုင်တနိုင် ဥယျာဉ်ခြံလုပ်ငန်းခွင် ဝင်ရောက်ရာမှာ လွတ်လပ်စွာ သွားလာခွင့် မရှိတဲ့အပြင် စစ်ကောင်စီရဲ့ နေ့စဉ် လုပ်ငန်းခွင်တွေအထိ စစ်ဆေးမေးမြန်းတာတွေ ရင်ဆိုင်နေရတဲ့အတွက် မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေရပါတယ်။
ဖေဖော်ဝါရီလက စတင်ပြီး ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် (တောင်ငူ၊ လွိုင်ကော်လမ်း) ကို ဆက်သွယ်သွားလာနေတဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးမေးမြန်းတာတွေ ပိုမိုလုပ်ဆောင်လာတဲ့အပြင် ယာဉ်ဖြတ်သန်းသွားလာခွင့်ကို တရက် ၃ စီးသာ ခွင့်ပြုထားပါတယ်။

9 months Ago
Up