close

ပြည်သူများ ပျောက်ဆုံး

close

December 5, 2021

မိုးမောက်မြို့က ပြည်သူ ၁၀ ဦးကျော် လယ်တောသွားရင်း ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ  ပြည်သူ ၁၀ ယောက်ကျော်လောက် ဒီဇင်ဘာ ၄ ရက်နေ့မှာ လုံဂျာတောင်ခြေမှာရှိတဲ့ လယ်တောသွားရာကနေ ညနေမိုးချုပ်ချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပျောက်ဆုံးနေသူတွေထဲမှာ ကိုယ်ဝန်သည် အမျိုးသမီးတယောက်၊ အသက်ကြီးပိုင်းအမျိုးသမီး တယောက်နဲ့ ၁၆ နှစ်အရွယ် လူငယ်တယောက်လို့လည်း ပါဝင်တယ်လို့သိရပါတယ်။

“အခုကြားရသလောက်ကတော့ ခါနန်ရပ်ကွက်က အမျိုးသား ၄ ယောက်၊ နောင်ပေါင်းကျေးရွာက ၆ ယောက်၊ ၊ ခါဝမ်ဘမ် ကျေးရွာက တယောက်ပျောက်နေတယ်၊ အခုက အားလုံးရဲ့ဖုန်းတွေလည်း စက်ပိတ်ထားတယ် ဆက်လို့မရဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ခါနန်ရက်ကွက်က ပြည်သူ ၄ ယောက်ဟာ  မိုးမောက်မြို့လုံဂျာတောင်ခြေက လယ်တောမှာ ကောက်ရိုးသွားသယ်ရင်းနဲ့ ပျောက်ဆုံးသွားတာတယ်လို့ သိရပါတယ်။

“မနက်က ကောက်ရိုးသွားကောက် မယ်ဆိုပြီး သားအဖနှစ်ယောက်ရယ်၊ ကားသမားရယ်၊ ၁၆ နှစ် ကလေးတယောက်ရယ် သွားလိုက်တာ။ အဲတောင်ခြေ(လုံဂျာတောင်) ဘက်မှာ စစ်ကြောင်း(စကစ)တက်တယ် ဆိုလို့ လိုက်သွားကြည့်တော့ ကား ပဲတွေ့တယ်။ လူက မတွေ့တော့ဘူး၊ ဖုန်းလည်း ဆက်မရတော့ဘူး”လို့  ဒေသခံ ရွာသားက ပြောပါတယ်။

အလားတူ နောင်ပေါင်းကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ပြည်သူ ၅ ယောက်ဟာ တောင်ယာသွားရင်ကနေ အခုအချိန်ထိ အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီဇင်ဘာ ၄ ရက် မနက် အစောပိုင်းကတည်းက မိုးမောက်မြို့ အပြင်လုံဂျာတောင်ခြေဘက်ကို စစ်ကောင်စီစစ်ကြောင်းတွေ တက်သွားတာရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက်မြို့ထဲ ဝင်လာပြီး လမ်းသွားလမ်းလာ ၃၀ ကျော်ကို ဖမ်းဆီးကာ စစ်ကြောင်းရှေ့မှာ လူသားဒိုင်းအဖြစ်ထားပြီး ခေါ်ဆောင်ခဲ့ပါတယ်။

3 mins Ago
Up